logo

စပါးရွက်ဖုံးခြောက်ရောဂါ

စပါးရွက်ဖုံးခြောက်ရောဂါ

ရောဂါ၏ အင်္ဂလိပ်အမည် - Sheath Blight

Rhizoctonia solani မှို ကြောင့် ရောဂါ ဖြစ်ပွားသည်။

  • ရောဂါလက္ခဏာကို ပန်းပွင့်ကာနီးနှင့် ပန်းပွင့်ပြီးနောက်ပိုင်းတွင် ထင်ရှားစွာတွေ့ရသည်။

  • ကျရောက်မှုဆိုးရွားပါက စပါးစေ့များအနှံမတည်ဘဲ အဖျင်းများသည်။

ရောဂါ လက္ခဏာ

  • ရေမျက်နှာပြင် အထက်နားရှိရွက်ဖုံး ပေါ်တွင် စိမ်းညိုရောင် လုံးရှည်ပုံ ကွက်ပျောက်များ စတင်ဖြစ်ပေါ် သည်။ ၂-၃ ရက်အတွင်း အကွက် များ လျှင်မြန်စွာကျယ်ပြန့်လာပြီး မီးခိုးရောင် အနာကွက်များသည်  နီညိုရောင် (သို့) ခရမ်းရင့်ရောင်အနားသတ် ရှိသည်။ 

  • အနာကွက် များတခုနှင့်တခုပေါင်းစပ်ပြီး ပုံမမှန်အကွက် ကြီးများဖြစ်လာသည်။ ရောဂါဖြစ်နေသော ရွက်ဖုံး နှင့် ထိတွေ့နေသော အရွက်များတွင်လည်း ရောဂါကျရောက်နိုင်သည်။



စပါး ရွက်ဖုံးများ နှင့် အရွက် များပေါ်တွင် ရောဂါ ဖြစ်ပွါးနေပုံ (Source: Down to earth/ IRRI)

 

ရောဂါကူးစက်ဖြစ်ပွားပုံ

  • ရောဂါပိုးသည် မြေကြီးထဲတွင် စကလယ်ရိုရှမ် အလုံးငယ်များအဖြစ်၎င်း၊ မှိုမျှင်များအဖြစ်၎င်း ကြာရှည်စွာနေနိုင်သည်။

  • စပါးခင်းထဲတွင် ရေနှင့် မျောပါကာ အပင်နှင့်ထိတွေ့ပြီး ရောဂါကူးစက်သည်။

  • အနှံထိ ဝင်ရောက်တိုက်ခိုက်ခံရပါက မျိုးစေ့ဆောင် ရောဂါအဖြစ်လည်းကူးစက်သည်။

ဓာတုဆေးဖြင့်ကာကွယ်နှိမ်နင်းပုံ

  • ရောဂါရ အပင်များကို ထောက်ခံထားသော ရွက်ဖြန်းမှိုသတ်ဆေးများ ဖျော်စပ်ပက်ဖြန်းပေးခြင်းကသာ အဓိကနှိမ်နင်းနိုင်သည်။

  • Carbendazim 250 gm သို့မဟုတ် Chlorothalonil  1 kg သို့မဟုတ် Edifenphos 1 Lit / ha နှုန်း ဖြင့် ပက်ဖြန်းနိုင်သည်။

ရောဂါပြင်းအားပေါ်မူတည်၍ ထောက်ခံထားသော မှိုသတ်ဆေးများ- 

 

  • Validamycin

  • Azoxystrobin 

  • Trifloxystrobin 

  • Metaminostrobin 20 SC