ဖျက်ပိုး၏ သိပ္ပံအမည်- Dicladispa armigera
အဓိကလက်ခံပင်ဖြစ်သော စပါး၊ ကြံ၊ ဂျုံ၊ ပြောင်းနှင့် မြက်ရိုင်းအမျိုးမျိုးတို့တွင်လည်း နေထိုင်စားသောက်ပြီးအသက်ရှင် နေနိုင်သည်။
ကျရောက်သည့်အဆင့် နှင့် ဖျက်ဆီးပုံ
ပျိုးပင်အဆင့်၊ ပင်ပိုင်းကြီးထွားနေသောအဆင့်၊ ပန်းပွင့်သောအဆင့်တွင် အကောင်ကြီးများသည် အရွက်၏ မျက်နှာပြင် တစ်ရှူးများကို ခြစ်စားသည်။ ပိုးတုံးလုံးသည် အရွက်တွင်းသို့ လှိုဏ်ထွင်းဝင်ပြီး ခြစ်စား သည်။
ဖျက်ဆီးမှု လက္ခဏာ
အကောင်ကြီးများစားသောက်မှုကြောင့် စပါးရွက်ပေါ်တွင် အဖြူရောင် အလျားလိုက် ပြိုင်လျက် အစင်းများ။
ပိုးတုံးလုံးများစားသောက်မှုကြောင့် အမြှေးပါးသာကျန်သည့် မညီညာသော အဖြူရောင်အကွက်များ။
ဆိုးဝါးစွာကျပါက ခြစ်စားထားသောအရွက်များ ခြောက်သွေ့သွား၍ စပါးခင်း မီးလောင်ခံထားရသလို ခြောက်သွေ့နေသော အကွက်များကို အဝေးမှတွေ့နိုင်သည်။
ကျောက်ဆူးပိုး ၏ ဘဝစက်ဝန်း |
ကျောက်ဆူးပိုး အကောင်ကြီး ဖျက်ဆီးပုံ |
ကျောက်ဆူးပိုး ဖျက်ဆီးမှု လက္ခဏာ |
source: Agri Information |
Source: Plant wise knowledge |
source: Plantix |
ဖျက်ပိုးကာကွယ်ရန်အလေ့အကျင့်ကောင်းများ
ဥများနှင့် ပိုးတုံးလုံး ဝင်စားနေသော စပါးရွက်ထိပ်ပိုင်း များကို ဖြတ်ပေးခြင်းသည် ပိုးများ ကျရောက်မှု ၇၅-၉၂ % ထိ လျော့နည်း သွားစေသည်။
ဆိုးဝါးစွာကျနေလျှင် အကောင်ကြီး များကို လက်ကိုင် ပိုက် ဖြင့်ဖမ်းပြီး ဖျက်ဆီးပစ်ရသည်
စောစီးစွာရင့်မှည့် သော စပါးမျိုးကို စိုက်ပျိုးခြင်း
Urea မြေသြဇာနှုန်းထားမြင့်စွာ မကျွေးခြင်း
ဓာတုဆေးဖြင့် ကာကွယ်နှိမ်နင်းပုံ
လက်ရှိသုံးနေသော ပိုင်ရီသရွိုက် ဆေးများ- ဆေးရည် နှင့် ဆေးလုံးငယ်များ သုံးနိုင်သည်
ကျောက်ဆူးပိုးများ စားသောက်လို စိတ် မရှိစေရန် တမာစေ့ပိုးသတ်ဆေး 300 ppm နှင့် azadirachtin 1500 ppm တို့ကို သုံးနိုင်သည်
Methoprene နှင့် Diflubenzuron တို့သည် ပိုးများ၏ ကြီးထွားမှုကို အနှောင့် အယှက်ပေးသည်။
ထိသေ-စားသေ ပိုးသတ်ဆေးများဖြစ်သည့် အောက်ပါ ပိုးသတ်ဆေးများကို ထောက်ခံနှုန်းထားအတိုင်းအသုံးပြုပါ-
Azinphos-methyl EC 0.3-0.5 Kg/ha
Carbaryl WP-1.25-1 Kg/ha
Cartap EC 0,8 Kg/ha
Chlordimeform EC- 0.5-0.75 Lit
Dichlorvos EC- 0.75-1.0 Lit/ha
Dimethoate EC 0.5 Kg/ha
Malathion 0.5 Kg/ha
Economic Threshold
စပါးတစ်ရုံလျှင် အကောင်ကြီး ၄ /၅ ကောင် (သို့) ပိုးတုံးလုံး ၅ ကောင်
ပင်ပွားထွက်ပြီးနောက်ပိုင်း အကောင်ကြီး ၂ ကောင်