တစ်စိတ်တစ်ပိုင်းငါးဖမ်းရာတွင် ကန်အားရေလျှော့ချ၍ ငါးဖမ်းပိုက်ဖြင့် ပိုက်ဆွဲပြီး ဖမ်းဆီးရမည်။
တစ်ပိုင်းတစ်စ ငါးကန်ဖော်ခြင်းကို လိုအပ်သလိုအကြိမ်ကြိမ်ပြုလုပ်နိုင်သော်လည်း ဖမ်းဆီးလိုသည့်ငါးများ သာမက ကန်ထဲတွင်ကျန်ရှိနေသောငါးများကိုပါ ထိခိုက်ဒဏ်ရာများနှင့်ဖိအားများရနိုင်ပြီး ကန်ရေနောက်ကျိ လာနိုင်သည်။
ထို့ကြောင့် မကြာခဏ တစ်ပိုင်းတစ်စငါးကန်ဖော်ခြင်းထက် တစ်ကြိမ်တွင် ငါးအကောင်ရေပမာဏများများ ဖမ်းပြီး ကျန်သောအချို့ငါးများကို ကန်ထဲတွင်ပိုက်ကွန်လှောင်အိမ်ပြုလုပ်၍ ဆက်လက်မွေးမြူနိုင်သည်။
ငါးများထိခိုက်မှုလျော့နည်းရန်အတွက် ပိုက်ကွန်အပျော့ကို အသုံးပြုပါ။
ကန်ရေလျှော့ချထားသည့်အတွက်ကြောင့် တစ်စိတ်တစ်ပိုင်းငါးဖမ်းခြင်းကို မနက်ပိုင်းတွင်သာ ဆောင်ရွက်သင့် ပြီး ပိုက်ဆွဲပြီးပြီးချင်း မူလရေအနက်အတိုင်းဖြစ်အောင် ရေထပ်ဖြည့်ပေးရမည်။