logo

ငါးကန်အရည်အသွေးထိန်းသိမ်းခြင်း

ငါးကန်အရည်အသွေးထိန်းသိမ်းခြင်း

တီလားပီးယားငါးထုတ်လုပ်မှုမြင့်မားရန် ကောင်းမွန်သောရေကန်ပတ်ဝန်းကျင်ဖြစ်ရန်-

  • ရေအပူချိန် ၂၄-၃၄ ဒီဂရီစင်တီဂရိတ်

  • အောက်ဆီဂျင်ပျော်ဝင်မှု - တစ်လီတာလျှင် ၅-၇.၅ မီလီဂရမ်

  • ရေချဉ်ငန်ဓာတ် - ၆.၅-၈.၅ 

  • ရေကြည်နှုန်း ၃၀-၄၀ စင်တီမီတာ တို့ရှိသင့်သည်။

  • လိုအပ်သည့် ငါးကန်အမြင့်ရှိရန်နှင့် ရေညှိပင်အသစ်များ ပွားများမှုကို ကူညီပေးနိုင်ရန် ‌ရေအသစ်ထည့်ပေး သင့်ပြီးရေအရောင်သည် အစိမ်းရောင် (သို့) အစိမ်းဝါရောင်ဖြစ်နေအောင် ထိန်းထားရမည်။

  • တီလားပီးယားငါး ထည့်သွင်းမွေးမြူနှုန်းများပြားလျှင် ငါးမစင်များ၏ ပမာဏများပြားလာသောကြောင့် ရေကို ပုံမှန်သန့်စင်ပေးရန်နှင့် ပိုးသတ်ရန် အရေးကြီးသည်။

  • ငါးအကောင်အရေအတွက်များများဖြင့် အချိန်ကြာကြာမွေးမြူပြီးပါက ကန်အောက်ခြေ အနည်အနှစ်များ စုပုံ လာပြီး အဆိပ်ဖြစ်စေနိုင်သော သတ္တဝါများစုပုံလာနိုင်ခြင်းကြောင့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်များပွားများလာ စေနိုင်သည်။ ထို့ကြောင့်ကန်အောက်ခြေအနယ်အနှစ်များကို ပုံမှန်ကောင်းမွန်အောင် ပြုလုပ်ပေးသင့်သည်။ 

  • ငါးကန်သည် အကြောင်းအမျိုးမျိုးကြောင့် အောက်ဆီဂျင်ချို့တဲ့သွားပါက- 

    • အစာကျွေးခြင်းနှင့် ကန်ရေဩဇာ ကျွေးခြင်းကို ချက်ချက်ရပ်တန့်ခြင်း၊ 

    • ရေကို ပြန်လည် လည်ပတ်စေရန် ဝါးဖြင့်မွှေပေးခြင်း၊

    • Oxyflo/oxyflife ကို တစ်ဧကလျှင် ၅၀၀-၇၀၀ ဂရမ်အသုံးပြုခြင်း၊ 

    • ကန်ကို သန့်ပြီးအောက်ဆီဂျင်ပြည့်ဝသောရေဖြင့် ဖြည့်ခြင်း စသည်တို့ ပြုလုပ်နိုင်သည်။ 

    • ရေမျက်နှာပြင်ပေါ်တွင် အနီရောင်အလွှာများ ပေါ်လာပါက ကောက်ရိုး (သို့) ငှက်ပျောရွက်ဖြင့်ပြုလုပ်ထားသော ကြိုးဖြင့်ဖယ်ပစ်ပါ။ တစ်ဧကလျှင် ယူရီးယား ၁၀-၁၅ ဂရမ်ကို ၁၀-၁၂ ရက်လျှင်တစ်ကြိမ်နှုန်းဖြင့် နှစ်ကြိမ်မှ သုံးကြိမ်ထည့်ခြင်း၊ တစ်ဧကလျှင် ပိုတက်ဆီယမ် အလူမီနီယမ်ဆာလဖိတ် ၁၀ ဂရမ်ခန့် အသုံးပြုခြင်း။

  • ငါးကန်မျက်နှာပြင်ပေါ်တွင် အစိမ်းရင့်ရောင်အပွင့်များထွက်ပေါ်လာပါက တစ်ဧကလျှင် ကျောက်မှုန့် ၁၀၀ ကီလိုဂရမ်သုံးပါ။

  • ရေနောက်ကျိလာပါက  တစ်ဧကလျှင် မီးရှို့ထားသောထုံး ၅၀ ကီလိုဂရမ်အသုံးပြုနိုင်သည်။ (သို့) ကျောက်မှုန့် ၁၀၀-၁၅၀ ကီလိုဂရမ် (သို့) ကောက်ရိုးခြောက် ၁၀၀-၁၅၀ ကီလိုဂရမ် (သို့) potash alum ၂၅ ကီလိုဂရမ် အသုံး ပြုနိုင်သည်။