logo

ရေဩဇာကျွေးရာတွင် သတိထားရမည့်အချက်များ

ရေဩဇာကျွေးရာတွင် သတိထားရမည့်အချက်များ
  • ရေဩဇာကျွေးခြင်းအလွန်အကျွံမဖြစ်စေရန် သတိပြုရမည်။
  • ရေများနောက်ကျိနေပါက ရေဩဇာမကျွေးရပါ။

  • ရေတိမ်ပါက အလွန်ပူသောနေ့များတွင် ရေဩဇာကျွေးခြင်းရှောင်ရှားပါ။

  • တိမ်ထူပါက (သို့) မိုးရွာပါက မြေဩဇာမကျွေးရပါ။ 

  • ကန်မဖော်ခင်နှင့် ကန်ဖော်ပြီး ၂-၃ ရက်တွင် ရေဩဇာမကျွေးရပါ။

  • ရေဩဇာများမပက်ဖြန်းမီ အရည်ပျော်ခြင်းသေချာစေရန် ပြုလုပ်ရမည်။

  • ရေအရောင်သည် မိမိလိုချင်သောအရောင် (အစိမ်းပျော့ရောင်) မဟုတ်ပါက မြေဩဇာကျွေးခြင်းကို ရပ်တန့် ရမည်။

  • ဆောင်းရာသီတွင် မြေဩဇာကျွေးပါက နွေရာသီတွင် ကျွေးသော ပမာဏ၏ တဝက် (သို့) တဝက်ထက်နည်း သော ပမာဏကို ကျွေးရမည်။