မြေဩဇာများသည် phytoplankton ကိုကြီးထွားစေပြီး ငါးများအတွက် သဘာဝအစာကို ပေါများစေသည်။
ပုံမှန်ထုတ်လုပ်မှုအတွက် ငါးကန်တစ်ဧကလျှင် ယူရီးယား ၁၅-၂၀ ကီလိုဂရမ်နှင့် TSP ၇.၅-၁၀ ကီလိုဂရမ် အသုံးပြုသင့်သည်။
TSPကို တစ်ညရေစိမ်ထားပြီး နောက်ရက်မနက် ၁၀-၁၁ တွင် ယူရီးယားကို ရေစိမ်ထားသော TSP ထဲသို့ရောပြီး ငါးကန်မျက်နှာပြင်တွင် ညီညာစွာပက်ဖြန်းခြင်းအားဖြင့် plankton များကောင်းစွာကြီးထွားနိုင်သည်။
ရေဩဇာများ အထူးသဖြင့် TSP သည် ရေတွင်ပျော်ဝင်ရန် အချိန်ကြာသောကြောင့် ရေမစိမ်ပဲ တိုက်ရိုက်ပက်ဖြန်းပေးခြင်းကို ရှောင်ရှားသင့်သည်။
ရေဩဇာများကို ငါးမွေးမြူနေစဉ်ကာလတစ်လျှောက် တစ်ပတ်တစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ်ပက်ဖြန်းပေးခြင်း ဖြင့် ငါးများအတွက် သဘာဝအစားအစာများကို ထိန်းသိမ်းနိုင်သည်။