logo

ငါးစာပြုလုပ်ခြင်း

ငါးစာပြုလုပ်ခြင်း
  • ငါးစာကို စက်ဖြင့်လည်း ပြုလုပ်နိုင်သလို လက်ဖြင့်လည်း ပြုလုပ်နိုင်သည်။
  • ပါဝင်သောပစ္စည်းများမှာ -ဆန်(ဖွဲနု)- ၄၀၀ ဂရမ်၊ ငါးခြောက်(မှုန့်)- ၃၂၀ ဂရမ်၊ ပဲဖတ် - ၉၀ ဂရမ်၊ ပီလောပီနံမှုန့် - ၁၀၀ ဂရမ်၊ ဂျုံမှုန့် - ၈၀ ဂရမ်၊ ဆား - ၁၀ ဂရမ် တို့ဖြစ်သည်။ 

  • ၎င်းအချိုးဖြင့်ပြုလုပ်ပါက အစာ ၁ ကီလိုဂရမ်တွင် ပရိုတင်းပါဝင်မှုသည် ၂၇ ရာခိုင်နှုန်းရှိသည်။ 

စက်ဖြင့်ပြုလုပ်နည်း

  • ပထမဦးစွာ ငါးခြောက်နှင့် ပဲဖတ်ကို ကြိတ်စက်ဖြင့် ကြိတ်ချေရမည်။

  • ဖွဲနု၊ ငါးခြောက်မှုန့်နှင့် ပဲဖတ်အမှုန့်တို့ကို နူးညံ့ပြီး တစ်သားတည်းဖြစ်စေရန် ဇကာအစိပ်ဖြင့် ဆန်ခါချပါ။ 

  • ၎င်းဇကာချပြီးသားအမှုန့်များကို ဂျုံမှုန့်၊ ပီလောပီနံမှုန့်၊ ဆား၊ ရေတို့နှင့်ရော၍ စေးကပ်လာသည်အထိ သေချာသမအောင်ရောမွှေပါ။

  • စေးကပ်ကပ်ရှိသော အရောအနှောကို ပုံသွင်းပေးသည့် ကြိတ်စက်ဖြင့် ငါးစာအလုံး/အတောင့်များဖြစ်အောင် ပြုလုပ်ပေးပြီး ရရှိလာသောအစာလုံး/အစာတောင့်များတွင် အစိုဓာတ်ကျန်ရှိနေပြီး ပလပ်စတစ် (သို့) အလူမီနီယံပုံးထဲသို့ ထည့်ပါ။

  • အစာလုံး/တောင့်များကို အပူချိန်ပေါ်မူတည်ပြီး နေရောင်အောက်တွင် ၂ ရက်ခန့်နေလှန်းပါ။

  • အစာလုံး/တောင့်များ ခြောက်သွားပါက အေး၍ခြောက်သွေ့သောနေရာတွင် ရေစိုခံအိတ်ဖြင့် သိုလှောင် သိမ်းဆည်းရမည်။

How to make tilapia fish feed-tilapia feeding guide

ပုံ (၅) စက်ဖြင့်ပြုလုပ်ထားသော အရည်အသွေးမီ ငါးစာတောင့် (Source: Fish feed extruder)

 

လက်ဖြင့်ပြုလုပ်နည်း

 

  • ပါဝင်ပစ္စည်းများကို ရေဖြင့်ရောပြီး ကြေစေရန် ၁ မီလီမီတာအကွက်ပါသော ဇကာဖြင့် ဆန်ကာချပါ။

  • အစာလုံး/တောင့်သေးသေးလေးမျာကို နေရောင်အောက်တွင် အနည်းဆုံး ၁ ရက်ကြာ လိုအပ်သလို နေလှန်း ပေးပြီး ရေစိုခံအိတ်ဖြင့် သိုလှောင်သိမ်းဆည်းပါ။