logo

အရွယ်ရောက်သော ငါးများအားအစာကျွေးခြင်း

အရွယ်ရောက်သော ငါးများအားအစာကျွေးခြင်း
  • အရွယ်ကြီးလာပါက မျှောလှေးအမျိုးမျိုး၊ ကန်အောက်ရှိ အခွံပါကျောရိုးမဲ့ သတ္တဝါများ၊ အခြားသော အပင်များပေါ်တွင် နေထိုင်သက်ရှင်သောရေညှိမျိုးစိတ်တစ်ချို့နှင့် ပျော့ပြောင်သည့် အဆင့်မြင့်ရေပေါက်ပင် များ၊ ဇီဝအခြေပြုအမှိုက်အားလုံး၊ တီကောင်များ၊ ပုစွန်ငယ်များနှင့် ရေနေအင်းဆက်များ စသည့် အစားမျိုးမျိုး ကို စားသုံးကြသည်။ 
  • နောက်ပိုင်းတွင် ဖော်စပ်အစာတောင့်များကျွေးပါက  ငါးအရည်အသွေးကိုသာမက ရေအရည်အသွေးကိုပါ ကောင်းမွန်စေသည်။

  • ရေပေါ်အစာတောင့်သည် ငါး၏အစာချေဖျက်မှုကို ပိုမိုကောင်းမွန်စေပြီး အစာများကျန်/မကျန်ကို စစ်ဆေး ကြည့်ရှုရန် ပိုလွယ်သောကြောင့် ရေအရည်အသွေးထိန်းသိမ်းခြင်းကို ပို၍ပြုလုပ်နိုင်သည်။

  • အနည်းဆုံး ပရိုတင်းပါဝင်မှု ၂၀ ရာခိုင်နှုန်းရှိသော သေချာစွာဖော်စပ်ထားသော အစာကို ကျွေးရမည်။

  • ၁-၂၅ ဂရမ်အရွယ်ငါးများကို ပရိုတင်း(အသားဓာတ်) ၃၂ ရာခိုင်နှုန်းမှ ၃၆ ရာခိုင်နှုန်းအထိ ပါဝင်သော အစာကျွေးရမည်ဖြစ်ပြီး အရွယ်အစားပိုကြီးသောတီလားပီးယားငါးများကို ပရိုတင်း (အသားဓာတ်) ၂၈ ရာခိုင်နှုန်းမှ ၃၂ ရာခိုင်နှုန်းပါဝင်သော အစာကျွေးရမည်။ 

  • တီလားပီယားငါးများသည် သင့်တော်သောအပူချိန်တွင် ပို၍ အစာပမာဏစားသုံးနိုင်ကြသည်။

  • သဘာဝအစာများအပြင် ဈေးကွက်တွင် ရရှိနိုင်သည့် စက်ရုံထုတ် ဖော်စပ်ထားသောရေပေါ်စာ၊ ရေမြုပ်စာများ ကိုပါ ကျွေးသင့်သည်။ 

  • ဖွဲနု၊ ငါးခြောက်၊ ပုဇွန်မှုန့်၊ ပဲဖတ်၊ နှမ်းဖတ်၊ ပီလောပီနံမှုန့်စသည်တို့နှင့် ကိုယ်တိုင်ဖော်စပ်ထားသည့်ငါးစာကို လည်း ကျွေးနိုင်သည်။

Free photo pellets on table Free photo pellets on surface

အာဟာရဓာတ်ပြည့်သော ငါးစာတောင့်များ