နောက်ပိုင်းတွင် ဖော်စပ်အစာတောင့်များကျွေးပါက ငါးအရည်အသွေးကိုသာမက ရေအရည်အသွေးကိုပါ ကောင်းမွန်စေသည်။
ရေပေါ်အစာတောင့်သည် ငါး၏အစာချေဖျက်မှုကို ပိုမိုကောင်းမွန်စေပြီး အစာများကျန်/မကျန်ကို စစ်ဆေး ကြည့်ရှုရန် ပိုလွယ်သောကြောင့် ရေအရည်အသွေးထိန်းသိမ်းခြင်းကို ပို၍ပြုလုပ်နိုင်သည်။
အနည်းဆုံး ပရိုတင်းပါဝင်မှု ၂၀ ရာခိုင်နှုန်းရှိသော သေချာစွာဖော်စပ်ထားသော အစာကို ကျွေးရမည်။
၁-၂၅ ဂရမ်အရွယ်ငါးများကို ပရိုတင်း(အသားဓာတ်) ၃၂ ရာခိုင်နှုန်းမှ ၃၆ ရာခိုင်နှုန်းအထိ ပါဝင်သော အစာကျွေးရမည်ဖြစ်ပြီး အရွယ်အစားပိုကြီးသောတီလားပီးယားငါးများကို ပရိုတင်း (အသားဓာတ်) ၂၈ ရာခိုင်နှုန်းမှ ၃၂ ရာခိုင်နှုန်းပါဝင်သော အစာကျွေးရမည်။
တီလားပီယားငါးများသည် သင့်တော်သောအပူချိန်တွင် ပို၍ အစာပမာဏစားသုံးနိုင်ကြသည်။
သဘာဝအစာများအပြင် ဈေးကွက်တွင် ရရှိနိုင်သည့် စက်ရုံထုတ် ဖော်စပ်ထားသောရေပေါ်စာ၊ ရေမြုပ်စာများ ကိုပါ ကျွေးသင့်သည်။
ဖွဲနု၊ ငါးခြောက်၊ ပုဇွန်မှုန့်၊ ပဲဖတ်၊ နှမ်းဖတ်၊ ပီလောပီနံမှုန့်စသည်တို့နှင့် ကိုယ်တိုင်ဖော်စပ်ထားသည့်ငါးစာကို လည်း ကျွေးနိုင်သည်။
အာဟာရဓာတ်ပြည့်သော ငါးစာတောင့်များ