ငါးမျိုးတစ်မျိုးထဲ ငါးသားပေါက်အကောင်ရေအလယ်အလတ်ထည့်သွင်းမွေးမြူသည့်စနစ်တွင် ၁ ဧကအတွက် ငါးသားပေါက်ရေ ၁၂၀၀၀-၂၀၀၀၀ ခန့် (၁ စတုရန်းမီတာလျှင် ၃-၅ ကောင်) မွေးမြူနိုင်ပြီး ကန်ကြပ်မွေး မြူသည့်စနစ် (intensive)တွင် ထည့်သွင်းသည့် ငါးသားပေါက် အရေအတွက်သည် ပိုများမည်။
တီလားပီးယားငါးကို တစ်ခြားငါးမျိုးများနှင့်အတူ မွေးမြူပါက တီလားပီးယားငါးသားပေါက်ထည့်သွင်းနှုန်း သည် အတူမွေးမြူသောငါးမျိုးအပေါ်တွင်မူတည်သည်။
ဖြည့်စွက်စာမကျွေးဘဲ သဘာဝဩဇာဓာတ်ပြုပြင်ပေးခြင်းနည်းလမ်းဖြင့် မွေးမြူမည်ဆိုပါက ၁ လက်မအရွယ် (၆၀၀၀-၈၀၀၀)နှုန်း၊ ၂ လက်မအရွယ် (၅၀၀၀-၆၅၀၀)နှုန်း၊ ၃ လက်မအရွယ် (၄၅၀၀-၆၀၀၀)နှုန်း၊ ၄ လက်မအရွယ် (၄၀၀၀-၅၅၀၀)နှုန်း ထည့်သွင်းမွေးမြူနိုင်သည်။
ဖြည့်စွက်စာကျွေးသည့်စနစ်ဖြင့် မွေးမြူမည်ဆိုပါက ၁ ဧကကန်ထဲတွင် ၁ လက်မအရွယ် (၈၅၀၀-၁၁၅၀၀)နှုန်း၊ ၂ လက်မအရွယ် (၇၀၀၀-၉၅၀၀) နှုန်း၊ ၃ လက်မအရွယ် (၆၅၀၀-၈၅၀၀) နှုန်း၊ ၄ လက်မအရွယ် (၆၀၀၀-၈၀၀၀)နှုန်းဖြင့် ထည့်သွင်းမွေးမြူနိုင်သည်။
ငါးသားပေါက်အရွယ်အစား ၃-၅ ဂရမ်ထက်ကြီးပါက မွေးမြူမည့်ကန်အတွင်းသို့ တိုက်ရိုက်ထည့်သွင်းမွေးမြူနိုင် သည်။