ထို့ကြောင့် ငါးသားပေါက်များ သေဆုံးမှုကို လျော့ချရန် ငါးကန်တွင်းသို့ တိုက်ရိုက်မချပဲ ငါးကန် (သို့) ရေစီးနည်းပြီး သန့်ရှင်းသောကန်ထဲတွင် လှောင်အိမ်ပြုစုရမည်။
ငါးသားပေါက်များကို လှောင်အိမ် (သို့) ပိုက်သားခြင်ထောင် (ဟာပါ) ဖြင့် မွေးမြူရန် ခိုင်ခံ့သော ဟာပါ၊ ဝါး (သို့) သစ်သားတိုင်နှင့် ချည်ရန်ကြိုးတို့လိုအပ်သည်။
၁ လက်မ အရွယ်ငါးသန်ကို တစ်စတုရန်းမီတာလျှင် ကောင်ရေ ၅၀၀ ထည့်သွင်းနိုင်သည် (သို့) အရှည် ၆ပေ၊ အကျယ် ၅ ပေနှင့် အနက် ၃ ပေရှိသော ဟာပါတွင် ၂-၃ ပတ်သားအရွယ်ငါးသားပေါက် အကောင်ရေ ၁၀၀၀၀ ခန့် ထည့်သွင်းနိုင်သည်။
လှောင်အိမ်/ပိုက်သားခြင်ထောင် (ဟာပါ) ကို တစ်ပတ်တစ်ကြိမ် သန့်ရှင်းရေးပြုလုပ်ပေးရမည်။
နှစ်လအကြာ (သို့) ငါးအရွယ်အစား ၂-၃ လက်မသို့ရောက်လျှင် လှောင်အိမ်ထဲမှ ကန်ထဲသို့ လွှတ်ပေးရမည်။