ကန်ထဲသို့ မလွှတ်ခင် ကန်ရေအပူချိန်နှင့် ပလပ်စတစ်ရေအပူချိန်တူညီစေရန် ငါးသားပေါက်ထည့်၍ သယ်ယူ လာသောအိတ်များကို အရိပ်အောက်တွင် ၁၀-၁၅ မိနစ်ခန့်ထားပြီး ၎င်းအိတ်များကို ထည့်သွင်းမွေးမြူမည့် ကန်ထဲတွင် ရေ ၁၀ မိနစ်ခန့် အဆက်မပြတ်ပက်ဖြန်းပေးရမည်။ ထို့နောက် ငါးသားပေါက်များကို ကန်အတွင်း သို့ ဖြည်းညင်းစွာလွတ်ပေးရမည်။