logo

ငါးကန်တူးဖော်ခြင်း (အမျိုးအစားအလိုက် - ကန်ပြင်ဆင်ခြင်း) (ကြီးထွားမှုအဆင့်အလိုက် - ပြင်ဆင်ချိန်ကာလ)

ငါးကန်တူးဖော်ခြင်း (အမျိုးအစားအလိုက် - ကန်ပြင်ဆင်ခြင်း) (ကြီးထွားမှုအဆင့်အလိုက် - ပြင်ဆင်ချိန်ကာလ)
  • ‌ငါးကန်တူးရာတွင် ရရှိနိုင်သောမြေနေရာအလိုက် တူးရမည်။
  • ထောင့်မှန်စတုဂံပုံစံငါးကန်သည် ငါးအစာစားနှုန်းကို စောင့်ကြည်ခြင်း၊ ရေထုတ်ခြင်းနှင့် ကန်ဖော်ခြင်း တို့အတွက် ပို၍လွယ်ကူစေသည့်အပြင် ကန်အောက်ခြေသန့်ရှင်းရန်အတွက်ပါ ပိုလွယ်စေသည်။

  • တမံ (ငါးကန်ဘောင်) တည်ဆောက်ရာတွင် မြေအမျိုးအစား၊ ဒေသ၏မိုးရွာသွန်းမှုအခြေအနေ၊ မိုးရေချိန်လက်မ၊ ရေတက်ရောက်နိုင်သည့် ရေမျက်နှာပြင်အမြင့်တို့ကို သိရှိရန်လိုအပ်ပြီး ၎င်းအချက်အလက် များအပေါ် မူတည်၍ တည်ဆောက်ရမည်။

  • ငါးကန်တမံ၏ထိပ်ပိုင်းကို ကန်များအကြားတွင် ငါးများ၏အခြေအနေကို သုံးသပ်ရန်နှင့် ကန်ဖော်ရန်တို့အတွက် အဆင်ပြေရန် တည်ဆောက်ပေးရမည်။

  • ငါးကန်တမံ၏ ဆင်ခြေလျှောကို ရေလွှမ်းမိုးမှုနှင့် လှိုင်းဒဏ်ကို ခံနိုင်အောင် တည်ဆောက်ရမည်။

  • ကန်တမံဆင်ခြေလျှောအောက်အခြေတွင် ရေတိုက်မှုကိုလျှော့ချရန် ကန်တမံအောက်အခြေဖိနပ်ကို ပြုလုပ်ပေး ရမည်။ 

  • ကန်အောက်ခြေ၏ ရေထုတ်မည့်နေရာကို ၂ ရာခိုင်နှုန်းနှိမ့်ပေးရမည်။

  • ငါးကန်အရွယ်အစား အနည်းဆုံး ၀.၀၃ ဧကတွင်ပင် အထီးသီးသန့်မွေးမြူနည်း (monosex GIFT)ဖြင့် ကောင်းမွန်စွာမွေးမြူနိုင်သည်။

  • အသင့်တော်ဆုံးရေအနက်မှာ ၁.၅ မီတာဖြစ်သည်။ ရေအနက်ကို အလွယ်တကူသိရှိစေရန် ကန်ထဲသို့ ရေမဖြည့်ခင်တွင် ရေတိုင်းသည့်တိုင် ထည့်ထားသင့်သည်။

  • ငါးစာကျွေးရန် ၃ မီတာခန့်ရှိသော ဝါး (သို့) သစ်သားတံတားတည်ဆောက်ပါ။

  • ရေသွင်းရေထုတ်ပြုလုပ်ရန် ရေဝင်ပေါက်နှင့် ရေထွက်ပေါက် သီးခြားပြုလုပ်ပေးရမည်။ ၃-၄ လက်မ PVC ပိုက်များသည် ရေသွင်းရေထုတ်ပြုလုပ်ရန် သင့်တော်သည်။

  • သူခိုးနှင့် အခြားသောသားရဲရန်တို့မှ ကာကွယ်ရန် ငါးကန်ကို ခြံကာသင့်သည်။ 

Tips on how to be successful in Tilapia farming. - Smart Farmer Africa

ပုံ (၁) စနစ်ကျသော ငါးကန်တူးဖော်ခြင်း (Source: Smart Farmer Africa