logo

တီလားပီးယားငါးမွေးမြူရေးဆိုင်ရာ အချက်အလက်များ (အမျိုးအစားအလိုက် - ရေမွေးမြူရေး)

တီလားပီးယားငါးမွေးမြူရေးဆိုင်ရာ အချက်အလက်များ (အမျိုးအစားအလိုက် - ရေမွေးမြူရေး)
  • တီလားပီးယားငါးမျိုးတွင် မျိုးစိတ်များစွာရှိပြီး မွေးမြူရေးအတွက် ပိုကောင်းသော ငါးမျိုးများကို ရရှိရန် အဆင့် ဆင့်မျိုးရိုးဗီဇမြှင့်တင်ခြင်းများ ပြုလုပ်ခဲ့ကြရာ ၁၉၆၀ ခုနှစ်တွင် ကြီးထွားနှုန်းပိုမိုကောင်းမွန်သော နိုင်းလ် တီလားပီးယား (Nile tilapia) ထွက်ပေါ်လာသည်။
  • ၁၉၈၀ခန့်မှစ၍ ဖိလစ်ပိုင်နိုင်ငံမှ မျိုးဗီဇမြှင့်တင်ထုတ်လုပ်ထားသော ဂစ်တီလားပီးယား (GIFT- tilapia) မျိုးစိပ်သည် ကြီးထွားနှုန်းကောင်းခြင်းနှင့် အရောင်အသွေးစုံလင်လှပခြင်းစသည့် အားသာချက်များကြောင့် ယခုအချိန်အထိ အခြားမျိုးစိပ်များထက်ပို၍ လူကြိုက်များပြီး နာမည်ကြီးနေဆဲဖြစ်သည်။

  • တီလားပီးယားငါးမျိုးသည် အကြမ်းခံသော ငါးအမျိုးအစားဖြစ်ပြီး ရေချို၊ ရေငံ၊ ‌ရေချိုရေငံစပ် ရေအနေ အထားတို့တွင် မွေးမြူနိုင်သည်။

  • တီလားပီးယားငါးမျိုးသည် အပူချိန်အနိမ့်ဆုံး ၁၀ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၄၀ ဒီဂရီစင်တီဂရိတ်အထိ အသက်ရှင်နိုင်သည်။

  • တီလားပီးယားငါးများသည် မွေးကန်အတွင်း သားပေါက်နိုင်ကြပြီး ၄ ပတ်မှ ၆ ပတ်လျှင် တစ်ကြိမ် သားပေါက်နိုင် ကြသည်။ ထို့ကြောင့် တီလားပီးယားငါးအနည်းငယ်ကို တစ်ပိုင်တစ်နိုင်မွေးမြူနိုင်ပြီး မိသားစုစားနပ်ရိက္ခာဖူလုံ စေသလို မိသားစုဝင်ငွေလည်း ရရှိစေပါသည်။

  • ကြီးထွားနှုန်းသည် ရေအရည်အသွေး၊ ငါးကန်တွင်ထည့်သွင်းမွေးမြူသည့် ငါးအကောင်ရေနှင့် အစာအဟာရ တို့အပေါ်တွင် မူတည်သည်။

  • ငါးအထီးများသည် ငါးအမများထက် ကြီးထွားနှုန်း ၁၀ မှ ၂၀ ရာခိုင်နှုန်းပို၍ ကြီးထွားကြလေ့ရှိကြပြီး အထီးသန့်သန့်မွေးမြူပါက အထွက်နှုန်းပိုများစေသည်။ 

Free photo black tilapia or tilapia