logo

ငါးကန်ပြင်ဆင်ခြင်း (အမျိုးအစားအလိုက် - ကန်ပြင်ဆင်ခြင်း)

ငါးကန်ပြင်ဆင်ခြင်း (အမျိုးအစားအလိုက် - ကန်ပြင်ဆင်ခြင်း)

ကြီးထွားမှုအဆင့်အလိုက် - ပြင်ဆင်ချိန်ကာလ

ကန်တူးပြီးပါကငါးများကို ကန်ထဲသို့ မထည့်မီ - 

  • ငါးကန်အား ရေမကျန်အောင် ပက်ထုတ်ရမည်။ 

  • ကန်အဟောင်းဖြစ်ပါက ကန်ထဲတွင် ငါးရိုင်းများနှင့် ပိုးမွှားများ မကျန်အောင် ရှင်းလင်းပေးပြီး ၁-၂ ပတ်ကြာ အခြောက်ခံပေးရမည်။

  • ကန်ကို သန့်ရှင်းရန်နှင့် အက်စစ်ဓာတ်ကို ထိန်းညှိပေးရန်အတွက် ထုံးကို ၁ မီတာပတ်လည်အတွက် ၉၀-၁၂၀ ဂရမ်နှုန်းဖြင့် ကန်အောက်ခြေကြမ်းပြင်တွင် ညီညာစွာ ဖက်ဖြန်းပေးရမည်။ 

  • ထုံးဖြန်းပြီး ၁ ပတ်အကြာတွင် ရေသွင်းပေါက်နှင့် ရေထွက်ပေါက်များတွင် ဇကာကို သေချာတပ်ဆင်ပြီး ရေဖြည့် သွင်းပေးရမည်။ 

  • ကန်အဟောင်းဖြစ်ပြီး ရေထုတ်ရန်နှင့် ကန်အခြောက်ခံရန် မဖြစ်နိုင်ပါက ကန်ထဲတွင်ရှိသော ရေနေအပင်များနှင့် ပေါင်းပင်များကို ကုန်စင်အောင်ရှင်းပေးရမည်။ 

  • ပျမ်းမျှအားဖြင့် တစ်ဧကလျှင်  ကြက်ချေး ၂၈၀၀ - ၃၆၀၀ ကီလိုဂရမ် (၇၀၀၀-၉၀၀၀ ကီလိုဂရမ်/ တစ်ဟက်တာ) ပက်ဖြန်ပေးခြင်းအားဖြင့် ရေဩဇာ တက်စေသည့်အပြင် မျှောလှေးများ များပြားလာစေသည်။

  • ငါးကန်ပြင်နေစဉ်တွင် တစ်ဧကလျှင် မြေဆွေး ၄၀၀-၆၀၀ ဂရမ် အသုံးပြုနိုင်သည်။