ငါးကန်တူးရာတွင် ရရှိနိုင်သောမြေနေရာအလိုက် တူးရမည်။
ထောင့်မှန်စတုဂံပုံစံငါးကန်သည် ငါးအစာစားနှုန်းကို စောင့်ကြည်ခြင်း၊ ရေထုတ်ခြင်းနှင့် ကန်ဖော်ခြင်း တို့အတွက် ပို၍လွယ်ကူစေသည့်အပြင် ကန်အောက်ခြေသန့်ရှင်းရန်အတွက်ပါ ပိုလွယ်စေသည်။
တမံ (ငါးကန်ဘောင်) တည်ဆောက်ရာတွင် မြေအမျိုးအစား၊ ဒေသ၏မိုးရွာသွန်းမှုအခြေအနေ၊ မိုးရေချိန်လက်မ၊ ရေတက်ရောက်နိုင်သည့် ရေမျက်နှာပြင်အမြင့်တို့ကို သိရှိရန်လိုအပ်ပြီး ၎င်းအချက်အလက် များအပေါ် မူတည်၍ တည်ဆောက်ရမည်။
ငါးကန်တမံ၏ထိပ်ပိုင်းကို ကန်များအကြားတွင် ငါးများ၏အခြေအနေကို သုံးသပ်ရန်နှင့် ကန်ဖော်ရန်တို့အတွက် အဆင်ပြေရန် တည်ဆောက်ပေးရမည်။
ငါးကန်တမံ၏ ဆင်ခြေလျှောကို ရေလွှမ်းမိုးမှုနှင့် လှိုင်းဒဏ်ကို ခံနိုင်အောင် တည်ဆောက်ရမည်။
ကန်တမံဆင်ခြေလျှောအောက်အခြေတွင် ရေတိုက်မှုကိုလျှော့ချရန် ကန်တမံအောက်အခြေဖိနပ်ကို ပြုလုပ်ပေး ရမည်။
ကန်အောက်ခြေ၏ ရေထုတ်မည့်နေရာကို ၂ ရာခိုင်နှုန်းနှိမ့်ပေးရမည်။
ငါးကန်အရွယ်အစား အနည်းဆုံး ၀.၀၃ ဧကတွင်ပင် အထီးသီးသန့်မွေးမြူနည်း (monosex GIFT)ဖြင့် ကောင်းမွန်စွာမွေးမြူနိုင်သည်။
အသင့်တော်ဆုံးရေအနက်မှာ ၁.၅ မီတာဖြစ်သည်။ ရေအနက်ကို အလွယ်တကူသိရှိစေရန် ကန်ထဲသို့ ရေမဖြည့်ခင်တွင် ရေတိုင်းသည့်တိုင် ထည့်ထားသင့်သည်။
ငါးစာကျွေးရန် ၃ မီတာခန့်ရှိသော ဝါး (သို့) သစ်သားတံတားတည်ဆောက်ပါ။
ရေသွင်းရေထုတ်ပြုလုပ်ရန် ရေဝင်ပေါက်နှင့် ရေထွက်ပေါက် သီးခြားပြုလုပ်ပေးရမည်။ ၃-၄ လက်မ PVC ပိုက်များသည် ရေသွင်းရေထုတ်ပြုလုပ်ရန် သင့်တော်သည်။
သူခိုးနှင့် အခြားသောသားရဲရန်တို့မှ ကာကွယ်ရန် ငါးကန်ကို ခြံကာသင့်သည်။
ပုံ (၁) စနစ်ကျသော ငါးကန်တူးဖော်ခြင်း (Source: Smart Farmer Africa