logo

မြေနေရာရွေးချယ်ခြင်း (အမျိုးအစားအလိုက် - ဆိုက်ရွေးချယ်မှု)

မြေနေရာရွေးချယ်ခြင်း (အမျိုးအစားအလိုက် - ဆိုက်ရွေးချယ်မှု)

 ကြီးထွားမှုအဆင့်အလိုက် - ပြင်ဆင်ချိန်ကာလ

  • တီလားပီးယားငါးများကို အများအားဖြင့် ရေနှင့်‌ဩဇာဓာတ်များလုံလောက်စွာရှိသော သဘာဝရေဝပ်သော နေရာများနှင့် တည်ဆောက်ထားသောကန်များတွင် မွေးမြူနိုင်သော်လည်း အထွက်နှုန်းကောင်းစေရန် စံနှုန်းနှင့် ကိုက်ညီသောငါးကန်များဖြင့် မွေးမြူရန်လိုအပ်သည်။

  • ငါးကန်တူးရန်အတွက် ရွှံ့မြေသည် အကောင်းဆုံးဖြစ်သည်။

  • နုန်းများသောမြေသည် ငါးအသားအရည်အသွေးနှင့် အရသာကို ထိခိုက်စေသောကြောင့် နုန်းများသောမြေတွင် ငါးမွေးမြူရန်အတွက် မသင့်တော်ပါ။ 

  • ရေအရင်းအမြစ်နှင့်နီးသောနေရာဖြစ်ပါက ပို၍အဆင်ပြေပြီး ဓာတုစွန့်ပစ္စည်းများနှင့် ဝေးသောနေရာဖြစ်ရမည်။

  • နေရောင်ခြည်နှင့်လေကောင်းစွာရသော နေရာဖြစ်ရမည်။

  • ငါးနှင့် သွင်းအားစုပစ္စည်းများ အလွယ်တကူသယ်ယူပို့ဆောင်ရန် လွယ်ကူသောနေရာ ဖြစ်ရမည်။