ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲခြင်းသည် တနည်းအားဖြင့် ရိတ်သိမ်းပြီးနောက်ပိုင်းတွင် လေလွင့်မှုလျော့နည်းအောင် ဆောင်ရွက်ခြင်းဖြစ်သည်။ ရိတ်သိမ်ချိန်မှစပြီးနောက်ပိုင်းတွင် အောက်ပါ အချက်များကို လိုက်နာရန် လိုသည်။
မောင်းညိုချိန်တွင် ရိတ်သိမ်းပါ။ (ကောက်နှံများရင့်မှည့်စ စပါးပင်များစိမ်းညိုညိုရှိစဥ်/ အနှံထိပ်ပိုင်းအစေ့များရင့်မှည့်ပြီး၊ အောက်ပိုင်းရှိ အစေ့များ မာသည့်အချိန်/ အနှံများ ရွက်ဖုံးအတွင်းက ထက်ဝက်ခန့်ထွက်သည့် ရက်မှစပြီး ရက် ၃၀ ပြည့်ချိန်)
စက်ဖြင့် မရိတ်ခြွေဘဲ လူအားဖြင့် ရိတ်ပါက ရိတ်ပြီး ကောက်လှိုင်းများကို ခြောက်သွေ့သည့် နေရာတွင် လှမ်းပါ (ရိတ်သိမ်းချိန် မြေခြောက်သွေ့စေရန် အောင်ရေကို ချိန်ဆလွှတ်ရမည်/ အနှံများကို ရိုးပြတ်ငုတ်အပေါ်ထားပြီး အခြောက်ခံရမည်)
ကောက်လှိုင်းသယ်ယူစဥ် အဖိတ်အစင်နည်းအောင်လုပ်ပါ (ကိုင်တွယ်ပုံ / သယ်ယူပုံ ဂရုစိုက်ပါ)
ကောက်စိုင်ပုံကို အပူဓါတ်မများရန်နှင့် ရေမဝင်စေရန် စနစ်တကျ ပုံပါ။ (ကောက်နှံနှင့် ကောက်လှိုင်းများခြောက်သွေ့ရမည်/ အမြင့်ပိုင်းရေမဝပ်သည့်နေရာဖြစ်ရမည်/ မိုးရေအလွယ်တကူလျောကျအောင် ကောက်စိုင်ပုံတွင် ခေါင်အုပ်လုပ်ပေးရမည်)
စပါးနယ်/ အစေ့ခြေွသည့်အခါ အနှံပေါ်တွက် အစေ့မကျန်အောင် ေခြွပါ။
ကျွဲ၊ နွား၊ လက်တွန်းထွန်စက် တို့ဖြင့်နယ်ပါက တလင်းမျက်နှာပြင်မာကျောပြီး ဖုံ၊ခဲ၊ သလဲမရောအောင် ဂရုပြုရမည်။
ခြွေစက်ဖြင့် ခြွေပါက ချွေစက် drum ၏လည်ပတ်နှုန်း ၆၀၀ rpm ( တမိနစ်လျှင် အပတ် ၆၀၀ ) ရှိရမည် (မြန်လျှင် အစေ့များထိခိုက်ပျက်စီးနိုင်ပြီး၊ နှေးလျှင် အနှံတွင် အစေ့များကျန်နိုင်သည်)
စပါးစေ့များ အဖျင်းအမှော်နှင့်အတူ မလွင့်သွားရန် ပန်ကာလည်ပတ်နှုန်း ၈၀၀-၈၅၀ rpm (တမိနစ်တွင် အပတ် ၈၀၀-၈၅၀) ရှိရမည် drum အတွင်းငုတ်ထိပ်ဖျားနှင့် drum အိမ်အကွာအဝေး ၁ လက္မ(၂၅ မီလီမှတာ) ရှိခြင်းဖြင့် အစေ့ခြွေခြင်းကို ထိရောက်စေသည်။
ခြွေစက်အတွင်း ကောက်ရိုးများညပ်မနေစေရန် စပါးရိတ်စဥ် ကောက်နှံအရှည်ကို တတောင်ခန့်ထားပြီး ရိတ်ရမည်။
စပါးစေ့များ ခြောက်သွေ့သွားသည်အထိ နေလှမ်းပါ။
တလင်း သို့မဟုတ် တာလပတ် ပေါ်တွင် စပါးကို လက် ၂-၃ လုံးထုခန့် ညီညာအောင်ဖြန့်ပါ။
နာရီဝက်တကြိမ် မွှေပေးပါ။
နေအပူချိန်ပြင်းထန်လွန်းပါက အရိပ်ရအောင်လုပ်ပေးပါ (အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် မများရပါ)၊ အခြောက်ခံစက် အသုံးပြုပါက အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် မပိုအောင် လေအပူကိုထိန်းညှိပေးရမည် )
ညအချိန်တွင် စပါးကို ပြန်လည်စုစည်းပြီး မိုးကာဖြင့် ကာရံထားပါ
အချိန်အခါမဲ့ မိုးကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်အောင် ကြိုတင်စီမံထားပါ
စပါးစေ့ကို ရှေ့သွားဖြင့်ညှပ်ကိုက်လိုက်လျှင် ထောက်ကနဲ အသံမြည်ပါက ခြောက်သွေ့ပြီဟု ယူဆနိုင်သည်
စပါးလှေ့စဥ်အောင်စေ့များ အဖျင်းအမှော်များနှင့် ရောပါမသွားအောင် လှေ့ပါ။ ခြွေစက် နှင့် ချွေလှေ့ရာတွင် ပန်ကာအရှိန်ကို လိုသလိုညှိပေးပါ။