ရိတ်သိမ်းချိန်မှ သိုလှောင်ချိန်အထိ အဆင့်တိုင်းတွင် လေလွင့်မှုများ ရှိနိုင်သည်။
အထူးသဖြင့် ရာသီဥတုကြောင့် ဖြစ်သော လေလွင့်ဆုံးရှုံးမှုများ ရှိတတ်သည်။ ဥပမာ- မိုးစပါးရိတ်သိမ်းချိန်တွင် မုန်တိုင်းမိုးရွာသွန်းခြင်း ၊ နွေစပါး ရိတ်သိမ်းချိန်တွင် မိုးဦးလေဦးနှင့် တိုက်ဆိုင်ခြင်း
လေလွင့်မှုများဟု ဆိုရာတွင်-
(၁) အရေအတွက်အရ ဆုံးရှုံးခြင်း (အထွက်နှုန်းထိခိုက်လျာ့နည်းနိုင်သည်)
(၂) အရည်အသွေးအရ ဆုံးရှုံးခြင်း (မျိုးစေ့အရည်အသွေးညံ့ခြင်း၊ အပင်ပေါက်နှုန်း ညံ့ခြင်း၊ ကြိတ်ခွဲစဥ်အကျိုးအကြေများခြင်း၊ ဆန်ဝါပေါက်ခြင်း စသည်)