logo

ရိတ်သိမ်းခြင်း

ရိတ်သိမ်းခြင်း

 ကြီးထွားမှုအဆင့်- ရိတ်သိမ်းချိန်ကာလ

  • စပါးနှံ၏ (၈၀-၈၅) ရာခိုင်နှုန်းရင့် မှည့်ချိန် (မောင်းညိုချိန်)တွင် အချိန်မီ ရိတ်သိမ်းရန် လိုအပ်သည်။

  • စော၍ ရိတ်သိမ်းပါက အဖျင်းအမှော်များ၊ မအောင်သော အစေ့ပါဝင်မှု များနိုင်ပြီး၊ ရိတ်သိမ်းချိန် နောက်ကျပါက စပါးများ အမှည့်လွန်၍ ကြွေကျခြင်း၊ နေပူလွန်ကဲ၍ ဆန်စေ့များ ကျိုးကြေအက်ကွဲခြင်းဖြင့် အလေအလွင့် များနုိင်သည်။

  • အလေအလွင့်အနည်းဆုံးနည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့စက်များ အသုံးပြုပါ။ 

  • မိရိုးဖလာနည်းအရ စပါးရိတ်သိမ်းရာတွင် ရိတ်သိမ်းပြီး ကောက်လှိုင်းများကို စိုက်ကွက်တွင်းအခြောက်လှမ်းခြင်း၊ ကောက်လှိုင်းသယ်ခြင်း၊ ကောက်စိုင်ပုံခြင်း၊ စပါးစေ့ခြွေခြင်း၊ နေလှမ်းခြင်း၊ လှေ့ခြင်းစသည့် လုပ်ဆောင်ရသော အဆင့်များသဖြင့် အဆင့်တိုင်းတွင် လေလွင့်ဆုံးရှုံးမှုများ ရှိနိုင်သည်။

  • စက်ဖြင့် စပါးရိတ်ခြင်း နှင့် ခြွေခြင်းကို တပြိုင်နက်လုပ်ပါက ကောက်လှိုင်းနေလှမ်းခြင်း ၊ ပုံခြင်း၊ ခြွေလှေ့ခြင်း လုပ်ငန်းစဥ် အဆင့်များမရှိတော့ပါ။