အပင်အရပ်တို၍ ပင်ပွားထွက်စွမ်းအား အသင့်အတင့်ရှိသောမျိုး၊ အပင်ယိုင်လဲမှုဒဏ်ခံနိုင်သော မျိုးများကို စိုက်ပျိုးနိုင်သည်။
သမန်းပြင်ညီညာအောင် လုပ်ရမည်၊ သမန်းပုပ်၊ သမန်းအေးပြီး သမန်းညက်ရမည်။
သမန်းအိပ်ရမည်။
သမန်းပုပ်ချိန်မရလျှင် မြက်ခေါင်းများကုန်စင်အောင် ကောက်ရမည်။
တစ်ဧကအတွက် မျိုးစေ့ တစ်တင်းခွဲ မှ ၂ တင်းသာ သုံးရမည်။