ပေါင်းမြက်များနှိမ်နင်းရန်အတွက် ပျိုးထောင် ကောက်စိုက်စပါးတွင် စိုက်ပြီးကောက်ပင်၏ သုံးပုံ နှစ်ပုံခန့်အထိ ရေနေရေထိုင် ကို အနည်းဆုံး ၇ ရက်မှ ၁၀ ရက် ခန့်အထိထားပေးရမည်။
တိုက်ရိုက်မျိုးစေ့ချစိုက်ပါက မျိုးစေ့ချပြီး ၁၀ ရက် သို့မဟုတ် ၁၅ ရက် မှစတင်၍ ရေသွင်းပါ။ ရေနေရေထိုင် ၄ လက္မခန့် ရှိရပါမည်။ စပါးပင်က ပေါင်းကိုစီးမိုးနိုင်သည့် အရွယ်ရောက်မှ ရေသွင်းရေထုတ် ပြုလုပ်ပါ။
ပေါင်းနှိမ်နင်းခြင်းကို ကောက်စိုက်ပြီး ၁၀-၁၂ ရက်အတွင်း၊ ၂၀-၂၂ ရက် နှင့် ၃၀-၃၂ ရက် တို့တွင် အနည်းဆုံး ၂ကြိမ်- ၃ ကြိမ် ဆောင်ရွက်သင့်သည်။
မျိုးစေ့တိုက်ရိုက်ချပြီးစိုက်ပါက စိုက်ပြီး ၂၀-၂၂ ရက်၊ ၃၀-၃၂ ရက်၊ ၄၀-၄၂ ရက် တို့တွင် ၂-၃ ကြိမ် ကြားပေါင်းလိုက်/သမန်းနှိုးပေးသင့်သည်။