သမန်းပုပ်၊ သမန်းအေးရမည်၊ သမန်းအိပ်ရမည်၊ သမန်းပြင်ညီညာရမည်။
ပျိုးပင်သန်မာရမည်၊ အရွယ်ညီညာရမည်၊ ရောဂါကင်းရမည်။
ပျိုးသက် ၁၅-၂၀ ရက်သား တွင် ကောက်စိုက်ရမည် (ပျိုးသက်နုလျှင် ကောက်ပင်အလှန်မြန်၍ တစ်ပင်ခြင်းမှ ပင်ပွား အနည်းဆုံး ၄ပင်မှ ၅ပင်ထိ ပိုထွက်နိုင်သည်။ ပင်ပွားများစောထွက်၍ သန်စွမ်းကာ အနှံလည်းကြီးထွားသည်။ )
ပျိုးမနှုတ်မီ(၃)ရက်ခန့် ကြိုတင်၍ ရေသွင်းပါ။ ပျိုးနှုတ်ရာတွင် ပျိုးပင်ခြေမှ စနစ်တကျကိုင်တွယ်၍ ညင်သာစွာနှုတ်ပါ။ ပျိုးပင်များကို တင်းကြပ်စွာ စည်းခြင်းမပြုရပါ။ ပျိုးနှုတ်ပြီးပြီးချင်း ချက်ချင်းစိုက်ပျိုးပါ။
လက်တ ၂ပင်/၃ ပင် သာစိုက်ရမည် ( ၁ ပင်သာ စိုက်ပါက ကျင်းပျောက် ပင်ပျောက်များနိုင်သည် ။ ၃ ပင်ထက်များလျှင် ပင်ပွားနည်းပြီး ပင်ပွားအထွက်နောက်ကျတတ်သည်။ ရောဂါပိုးမွှားခိုအောင်းနိုင်သည်။ မျိုးစေ့ပိုမိုကုန်ကျမည်)
ကောက်ကွက် မှန်ရမည် ။ အပင်ကြပ်လျှင် ပိုးမွှားရောဂါများ အလွယ်တကူ ကျရောက်တတ်သည် ၊ အပင်ခြင်းယှဥ်ပြိုင်ရ၍ အနှံစွေ့ပြီး အစေ့နည်းတတ်သည်
ကောက်ချက် အနက် ၁ လက္မ ထက်နက်အောင် စိုက်ပါ ( ကောက်ချက် ၁ လက္မထက်နက်လျှင် ကောက်ပင်လှန်ချိန် နောက်ကျ သည်၊ အမြစ် ၂လွှာမှ ၃ လွှာထိဖြစ်ပြီး ပင်ပွားထွက်ချိန်နောက်ကျသည်၊ ပင်ပွားများ မသန်စွမ်းဘဲ စပါးထွက်နည်းတတ်သည်)
ကောက်စိုက်ပြီး ချက်ချင်းရေသွင်းပါ (ကောက်ပင်အမြင့် သုံးပုံနှစ်ပုံထိ ရေနေရေထိုင်ထားပါ ၊ ယင်းရေနေကို ၇ ရက်ခန့်ထိထိန်းထားပါ။ ( ရေနေ ၃ လက္မခန့်သာရှိလျှင် ကောက်ပင်နှင့် အမြစ်များ ရေပူလောင်ပြီးထိခိုက်နိုင်သည်၊ ပေါင်းပြဿနာနည်းမည်)
မိုးမကြာခဏရွာလျှင် ၇ ရက်နောက်ပိုင်းတွင် ရေကိုပြောင်စင်အောင် ခါထုတ်ပါ၊ သို့မှသာ အမြစ်များသန်မာဖွံ့ဖြိုးမည်၊ ပင်ပွားထွက်အားကောင်းပြီး ပင်ပွားသန်စွမ်းမည်။
ကောက်စိုက်အပြီး ၆ ရက်မြောက်မှာ ကျင်းပျောက်၊ ပင်ပျောက်ဖာထေးပါ။ ဖာထေးမှု နောက်ကျလျှင် အနှံထွက်ချိန် ၊ ရင့်မှည့်ချိန် မညီသည့် အတွက် ရိတ်သိမ်းရာတွင် အစိမ်းရောင်စပါးစေ့များ ပါလာမည်။ ကောက်ပင်ဖာခြင်းအား ကောက်စိုက်ပြီး တစ်လအတွင်း ပြီးအောင် ဆောင်ရွက်ပါ။