logo

စပါးပျိုးခင်းစောင့်ရှောက်ခြင်း

စပါးပျိုးခင်းစောင့်ရှောက်ခြင်း

ကြီးထွားမှုအဆင့်- အပင်ပေါက်ကာလ နှင့် ပင်ပိုင်းကြီးထွားမှုကာလ

  • ပျိုးဘောင် အစိုဓာတ်ရှိနေသမျှ ကာလလုံး ပျိုးခင်းကို ရေပြောင်ထားပါ။

  • ရေပြောင်ထားခြင်းသည် အမြစ်များလေကောင်းစွာရ၍ အမြစ်ဖွံ့ဖြိုးကာ ပျိုးပင်များ တိုတုတ်သန်မာသည်။

  • ပျိုးခင်းတွင် ဓာတ်မြေသြဇာမထည့်ရပါ။ (ပျိုးပင်များသည် ၁၄ ရက်သားထိ အစေ့တွင်းစာကိုသာစားပြီး၊ မြေတွင်း အာဟာရကို မစားသုံးပါ)

  • ဆစ်ပိုးကျရောက်လေ့ရှိပါက ပျိုးဘောင်ပေါ်တွင် ဖျူရာဒန် 3G ကို အညွှန်းအတိုင်းထည့်သွင်းပေးပါ။

  • ပျိုးသက် ၁၅-၂၀ ရက်သား အတွင်း ပျိုးနှုတ်၊ ကောက်စိုက်ပါ။

  • ပျိုးနှုတ်ရလွယ်ကူစေရန် ၊ ပျိုးမနှုတ်မီ မြေအခြေအနေအရ ၃ ရက်ခန့်ကြိုတင်ပြီး ပျိုးဘောင်များမြုပ်အောင် ရေသွင်းထားပါ။