စပါးပင်များ ကြီးထွားသန်စွမ်းပြီး အထွက်ကောင်းစေရန် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို အချိုးကျကျွေးပေးရမည်။
သဘာဝမြေသြဇာ (ကြီးထွားမှုအဆင့်- ပြင်ဆင်ချိန်ကာလ)
နွားချေး၊ ကြက်/ဝက်ချေး၊ သစ်ဆွေးနှင့် စက်ဖွဲပြာစသော သဘာဝမြေသြဇာကို မြေပြင်ချိန်တွင် ရနိုင်သမျှထည့်ပါ။
ရိုးပြတ်နှင့် ပေါင်းမြက် တို့ကိုလည်း မြေသားနှင့်သမအောင်ရောမွှေပြီး သမန်းပုပ်/ညက်သည်ထိ မြေပြင်ရပါမည်။
မြေပြုပြင်ချိန်တွင် သဘာဝမြေသြဇာများမှ ထွက်သည့် အာဟာရဓါတ်များ လေထဲကို ပျံ့လွင့်ဆုံးရှုံးမှု မရှိအောင် ပျိုးခင်း/ စိုက်ခင်းထဲတွင် ရေမပြတ်သွင်းထားသင့်သည်။
ကျွံသောမြေ၊ နီတို ဖြစ်လေ့ရှိသော လယ်မြေများတွင် စက်ဖွဲပြာတမျိုးထဲ များများထည့်ပါ။ ထုံး ၄-၆ အိတ်ထိထည့်ပါ။
မိုးစပါးအပြီးတွင် နွေစပါးအစား ပဲတမျိုးမျိုးကို သီးလှည့်စိုက်ပေးပါက မြေကျွံခြင်း ၊ နီတိုဖြစ်ခြင်းတို့ကို သက်သာစေပါသည်။