အညှောက်ဖောက်ထားသောမျိုးစေ့များသည် အမြန်ဆုံးအပင်ပေါက်နိုင်သဖြင့် ပျိုးခင်း/စိုက်ခင်းတွင် ကြွက်၊ ငှက် နှင့် အင်းဆက်ပိုးမွှားများ ဖျက်ဆီးမည့် အခွင့်အရေးနည်းသွားသည်။
ဆားရည်စိမ်၊ ဆေးကြောထားပြီးမျိုးစေ့များကို ရေသန့်တွင် ၂၄ နာရီ ထပ်မံစိမ်ပါ။ ၆ နာရီတစ်ကြိမ် ရေသန့်လဲပေးပါ။
၂၄ နာရီပြည့်လျှင် မျိုးစေ့များကို ရေသန့်ဖြင့် ၂-၃ ကြိမ်ထပ်ဆေးကာ ၊ ရေစစ်ထားပါ။
ရေစစ်ပြီး စပါးစေ့များကို သမံသလင်း (သို့) ဝါးကြမ်းခင်း (သို့) ကွပ်ပျစ် ပေါ်တွင် ဂုံနီအိတ် (သို့) ငှက်ပျောဖက် ခင်း၍ မျိုးစေ့အထူ ၄-၆ လက္မခန့်ဖြန့်ပြီး စိုစွတ်နေသည့် ဂုံနီအိတ်/ အဝတ်စများဖြင့် လုံအောင် ဖုံးအုပ်ထားပါ။
၁၂ နာရီတကြိမ် အထက်အောက်လှန်မွှေပေး၍ မွှေနေစဥ် ရေဖျန်းပေးပါ။
၂၄-၃၆ နာရီအကြာ မျိုးစေ့များ စာပါးစပ် ပြူလာချိန်တွင် ပျိုးထောင်ရန်သင့်တော်သော အနေအထားရပြီဖြစ်သည်။