ကြီးထွားမှုအဆင့်- ပြင်ဆင်ချိန်ကာလ
ဆားပျော်ရည်ပြင်းအား (၁.၀၈) ရရန် ရေ၁၀ လီတာ (သို့) ၂.၂ ဂါလံ နှင့် အိမ်သုံးဆား ၁ ပိဿာရောစပ်ရမည်။
မျိုးစပါး ၁ တင်း စိမ်ရန်အတွက် ရေ ၈ ဂါလံတွင် ဆား ၄ ပိဿာ ဖြင့်ဖျော်နိုင်သည်
ရေပမာဏတိုးတိုင်း ဆားပမာဏကို အချိုးကျတိုးပါ
ဆားဖျော်ရည်တွင် လတ်ဆက်သောကြက်ဥ အစိမ်းတလုံးကိုထည့်လိုက်ပါက ဒေါင်လိုက်အနေအထားဖြင့် ၄ ပုံ ၁ ပုံခန့်ပေါ်နေလျှင် ဆားရည်အနေတော်ဖြစ်သည်။
ဆားရည်တွင် မျိုးစပါးကိုထည့်ပြီး ၅ မိနစ်ခန့်မွှေပေးပါ။ ရေပေါ်တွင် ပေါ်လာသော အဖျင်း၊ အမှော်၊ လုံးပိန်လုံးညှပ်နှင့် ပေါင်းစေ့များကို ဇကာဖြင့်ဖယ်ရှားပါ
အနယ်ထိုင်နေသော အောင်မြင်သည့် စပါးစေ့များကိုဆယ်ယူပြီး ဆားဓာတ်ကုန်သည်အထိ ရေဖြင့် ၃ ကြိမ်ခန့်ဆေးပါ။