logo

မျိုးကောင်းမျိုးသန့် ကိုရွေးချယ်စိုက်ပျိုးခြင်းအကျိုးကျေးဇူး

မျိုးကောင်းမျိုးသန့် ကိုရွေးချယ်စိုက်ပျိုးခြင်းအကျိုးကျေးဇူး

ကြီးထွားမှုအဆင့်- ပြင်ဆင်ချိန်ကာလ

  • မျိုးစေ့နှုန်းထားသက်သာသည်။

  •  အပင်ပေါက်နှုန်းကောင်းသဖြင့် ကျင်းပျောက်ပင်ပျောက် ဖာထေးရသက်သာသည်။

  • အပင် သန်စွမ်းညီညာပြီး အထွက်ကောင်းခြင်း စသည့် အကျိုးကျေးဇူးများစွာ ရှိပါသည်။

  • မျိုးကောင်းမျိုးသန့်ကို မျက်မြင်ဖြင့် ရွေးချယ်ရန် မလွယ်ကူပါ။ ယုံကြည်စိတ်ချရသော အရင်းအမြစ်မှ ရောဂါ နှင့် ပိုးမွှားကင်းစင်သော ၊ အပင်ပေါက်နှုန်း အာမခံချက်ရှိပြီး၊ အရောအနှောကင်းသည့် မျိုးစေ့များကို သေချာရွေးချယ်ဝယ်ယူပါ။

  •  

    မျိုးစေ့ဆားရည်စိမ်ခြင်း နည်းလမ်းဖြင့် အောင်မြင်ပြည့်ဖြိုးသော စပါးစေ့များနှင့် မအောင်သောစပါးစေ့များကို ခွဲခြားပေးပြီး၊ မျိုးစေ့တွင်း ခိုအောင်းနေလေ့ရှိသော နီမတုတ်ပိုးများကို ထက်ဝက်ခန့်နှိမ်နင်းပြီး ဖြစ်သည်။