စပါးကို မြေအမျိုးအစား မျိုးစုံတွင် စိုက်ပျိုးကြသော်လည်း၊ ရေထိန်းအားကောင်းသောမြေ၊ သဘာဝမြေဆွေးဓါတ်ကြွယ်ဝသော မြေများသည် စပါးစိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။
မြေချဥ်ငံကိန်း pH ၅.၅ နှင့် ၆.၅ အတွင်းတွင် အကောင်းဆုံး ဖြစ်သည်။ မြေချဥ်ငံကိန်း pH ၇.၅ အထက်တွင် စပါးပင် ကောင်းစွာ မဖြစ်ထွန်းနိုင်ပါ။