logo

စပါးစိုက်ပျိုးနိုင်သည့် အခြေအနေများ

စပါးစိုက်ပျိုးနိုင်သည့် အခြေအနေများ

ကြီးထွားမှုအဆင့်- ပြင်ဆင်ချိန်ကာလ

  • မဲခေါင်ဒေသ နိုင်ငံများသည် စပါးကို အဓိကစိုက်ပျိုးထုတ်လုပ်တင်ပို့သည့် နိုင်ငံများဖြစ်ကြသည်။ 

  • ဆန်စပါးသည် ကမ္ဘာ့လူဦးရေအားလုံး၏ ထက်ဝက်ကျော်အတွက်လည်း အခြေခံ စားသုံးသီးနှံဖြစ်ပြီး အာရှ၊ ဆာဟာရ အာဖရိကနှင့် တောင်အမေရိက ဒေသများတွင် ဆန်စပါး အများဆုံး စားသုံးကြသည်။

  • စပါးကို မြေအမျိုးအစား မျိုးစုံနှင့် ရာသီဥတု အမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း စပါးပင် ကြိုက်နှစ်သက်သည့် ရေ၊ မြေ၊ ရာသီဥတုအခြေအနေများ ရှိရန်လိုအပ်သည်။ 

  • မြေအမျိုးအစား၊ အပူချိန်၊ မိုးရွာသွန်းမှု၊ နေရောင်ရရှိမှု နှင့် နေ့တာအတိုအရှည် တို့အပေါ်မူတည်ပြီး တုံ့ပြန်မှုမတူညီသဖြင့် စပါးမျိုးအလိုက် အထွက်နှုန်းများလည်းကွာခြားနိုင်သည်။