logo

လယ်ယာမှတ်တမ်းထားရှိခြင်း

 လယ်ယာမှတ်တမ်းထားရှိခြင်း

  • တောင်သူများသည် မိမိတို့၏ လယ်ယာမှတ်တမ်းများ စံနစ်တကျ ထားရှိကာ၊ သေချာစွာသိမ်းဆည်းသင့်သည်။
  • လယ်ယာမှတ်တမ်းများ ထားရှိရာတွင် အနည်းဆုံး (၃) နှစ်အတွင်း စိုက်ပျိုးထားသောသီးနှံစိုက်ပျိုးမှုမှတ်တမ်းများကို သိမ်းဆည်းထားရမည်။ 

  • လယ်ယာမှတ်တမ်းတွင် စိုက်ပျိုးချိန်မှ ရိတ်သိမ်း၊ ရောင်းချချိန်အထိပြုလုပ်ရသော လုပ်ဆောင်ချက်များ (မျိုး၊ မြေဩဇာ၊ ပိုးမွှားရောဂါ ကာကွယ်သည့်ဆေးဝါးများ သုံးစွဲမှုမှတ်တမ်း၊ ရေသွင်းခြင်းမှတ်တမ်း၊ စသည်...)၊ သွင်းအားစုကုန်ကျစရိတ်၊ လုပ်အားခစရိတ်၊ ရိတ်သိမ်းချိန်လွန်စရိတ်များ ပါဝင်သော ဝင်ငွေထွက်ငွေစာရင်းများနှင့် အရှုံးအမြတ်တွက်ချက်မှုများကိုပါ ထည့်သွင်းမှတ်သားထားရမည်။ 

  • လယ်ယာမှတ်တမ်းများကို သိမ်းဆည်းခြင်းဖြင့် တောင်သူများသည် ယခင်နှစ်များ၏ လုပ်ဆောင်ချက်များကို ပြန်လည်စစ်ဆေးနိုင်ရုံသာမက ၊ နောက်ရာသီများအတွက် လုပ်ဆောင်ရမည့် လိုအပ်ချက်များကို ခန့်မှန်းသိရှိနိုင်မည်။ 

  • ထို့အပြင် ၀င်ငွေနှင့်အသုံးစရိတ်တို့ကိုလည်း သိရှိတွက်ချက်နိုင်ပြီး မိမိလယ်ယာလုပ်ငန်း၏ အားသာချက်များနှင့် အားနည်းချက်များကိုသိနိုင်မည်။ 

  • အကျိုးဆက်အနေဖြင့် မိမိတို့၏ လယ်ယာစီမံခန့်ခွဲမှုစွမ်းရည်များလည်း ပိုမိုတိုးတက်လာမည်။ သို့မှသာ တောင်သူများမှာ မိမိတို့၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ယခင်ကထက် ပို၍စနစ်တကျကိုင်တွယ်နိုင်မည်။