ကြီးထွားမှုအဆင့်- ရိတ်သိမ်းချိန်လွန်ကာလ
မျိုး နှင့် ဝမ်းစာစပါးကို အရည်အသွေးမပျက်အောင် သိုလှောင်ပါ။
လုံးဝခြောက်သွေ့ပြီး ပိုးမွှား၊ အဖျင်းအမှော်၊ ပေါင်းစေ့များ ကင်းသည့် စပါးစေ့များကိုသာ သိုလှောင်ပါ။
သိုလှောင်ပစ္စည်းများ( ပုတ်၊ စဥ့်အိုး၊ ပလပ်စတစ်ပုံး၊ ပလပ်စတစ်အိတ် ) သည်သန့်ရှင်းခြောက်သွေ့ပြီး လေလုံရမည်။
သိုလှောင်ထုတ်ပိုးပစ္စည်းအတွင်း လေခိုစရာနေရာမကျန်အောင် မျိုးစေ့များကို အပြည့်ထည့်၍ အစိုဓါတ်မဝင်နိုင်အောင် လေလုံပိတ်၍ သိုလှောင်ပါ
စားသုံးရန် စပါးကို အစိုဓါတ် ၁၄ % ဖြင့် လပိုင်းခန့် သိုလှောင်နိုင်သည်။
မျိုးစပါး ကို အစိုဓါတ် ၁၂ % ဖြင့် တနှစ်ခန့် သိုလှောင်နိုင်သည်။