ကုန်းမြင့်ဒေသ တောင်ကုန်း၊ တောင်စောင်းများတွင် စိုက်သည့်နည်းလမ်းဖြစ်သည်။
မိုးဦးကာလတွင်ပေါက်ပွားနေသော ပေါင်းမြက်များကို မျိုးစေ့မချမီ ပြောင်စင်အောင် ရှင်းလင်းပါ။
မျိုးစေ့ချရန်အတွက် ရှေ့လူက တုတ်ချွန်ဖြင့် မြေကိုထိုးစိုက်ပြီး စိုက်ကျင်းဖော်ကာ၊ နောက်လူက စိုက်ကျင်းထဲသို့ မျိုးစေ့ ၃-၅စေ့ အထိချပါ။