ကောင်းမွန်စွာ မကိုင်တွယ်ခြင်းကြောင့် ကြက်များ စိတ်ဖိစီးမှု ရနိုင်သည်။
ကြက်များ စိတ်ဖိစီးလျှင် ရောဂါများ အလွယ်တကူ ဝင်ရောက်နိုင်ပြီး ဥ ဥနေလျှင် ဥ ဥခြင်း ရပ်တန့်သွားနိုင်သည်။
ထို့ကြောင့် ကြက်ဖမ်းရာတွင် ရုတ်တရက် ဖမ်းခြင်း (သို့) ကျယ်လောင်သော ဆူညံသံများထွက်အောင် ဖမ်းခြင်း မပြုလုပ်ရပါ။
ညနေစောင်း (သို့) အစာကျွေးနေစဉ်တွင် ဖမ်းလျှင် အကောင်းဆုံးဖြစ်သည်။
ကြက်ကို ခြေထောက်မှသာ ကိုင်ဖမ်းပြီး လည်ပင်း၊ အတောင်နှင့် အမြီးတို့မှ ကိုင်ဖမ်းခြင်းကို ရှောင်ကြဉ်ပါ။
ကြက်ကို အတောင်မခတ်စေရန် လက်ကို ရင်ဘတ်အောက်တွင်ထား၍ ခန္ဓာကိုယ်ကို လူဖြင့်ဆန့်ကျင်ဘက်ထားပြီး ကိုင်ပါ။