logo

ဇီဝလုံခြုံရေး ကာကွယ်ဆောင်ရွက်ချက်များ

ဇီဝလုံခြုံရေး ကာကွယ်ဆောင်ရွက်ချက်များ

  • ကြက်ခြံနေရာ - ကြက်ခြံဆောက်ရာတွင် အခြားကြက်ခြံများ၏ အနီးကပ်ဆောက်လုပ်ခြင်းကို ရှောင်ကြဉ်ပါ။ လေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို လျှော့ချရန် လေဝင်လေထွက်လမ်းကြောင်းများကို ကြည့်၍ ဆောက်လုပ်ရမည်။
  • တစ်ချိန်ထဲသွင်း တစ်ချိန်ထဲထုတ် - ကြက်ခြံမှ ကြက်များရောင်းထုတ်မည်ဆိုလျှင် လက်ကျန်မထားဘဲ ရှိသောကြက်များအား လုံးကို တစ်ခါတည်း ရောင်းထုတ်ခြင်းဖြင့် ရောဂါဖြစ်စေသောသက်ရှိများ ပွားများလာခြင်းကို လျှော့ချနိုင်သည်။

  • အမှိုက်စွန့်ပစ်ခြင်း - အသုံးပြုပြီးသော အမှိုက်များကို ကောင်းစွာဖယ်ရှားပြီး စနစ်တကျ စွန့်ပစ်ကာ ပိုးသတ်ရမည်။

  • ကြက်ခြံ လုံခြုံရေး - ကြက်ခြံအဝင်အထွက်နှင့် အသုံးပြုသော ပစ္စည်းကိရိယာများမှ ရောဂါကူးစက်စေခြင်းကို လျှော့ချရမည်။