ရောဂါဖြစ်စေသော သက်ရှိအများစုသည် အစားစားချိန်၊ ရေသောက်ချိန်၊ အမွှေးအတောင်များကို သန့်ရှင်းချိန်နှင့် အသက်ရှူ ချိန်တို့တွင် နှုတ်သီးနှင့် နှာခေါင်းမှတစ်ဆင့် ဝင်ရောက်ကြသည်။
အချို့မှာမူ ဒဏ်ရာများမှ တစ်ဆင့်ဝင်ရောက်ကြပြီး အချို့မှာ အညစ်အကြေးများနှင့် အခြားညစ်ညမ်းသော အရာများနှင့် ထိတွေ့ခြင်းမှ တစ်ဆင့် ကူးစက်ဝင်ရောက်ကြသည်။
အချို့သော ရောဂါများမှာ ကြက်မမှတစ်ဆင့် ကြက်ဥ၊ ကြက်သားပေါက်ကလေးများကို ကူးစက်သည်။
ကြက်များတွင် ပိုးမွှားရောဂါ ကူးစက်ဝင်ရောက်ပါက ချက်ချင်း ရောဂါလက္ခဏာများ မပြဘဲ ခန္ဓာကိုယ်တွင်းတွင် ပွားများနေ ပြီး ရက်အနည်းငယ်ကြာမှသာ လက္ခာဏာ တွေ့ရသည်။