ကြက်မတစ်ကောင်သည် ၂၁ ရက်ဝပ်ပြီး ၇၅ ရက်ခန့် သားထိန်းလေ့ရှိကြသည်။
ထို့ကြောင့် ကြက်ဥ ပိုမိုထုတ်လုပ်လိုပါက ကြက်မများ၏ ဝပ်စိတ်ကို စနစ်တကျဖျောက်ပေးလျှင် တိုင်းရင်းကြက်မတစ် ကောင်သည် တစ်နှစ်လျှင် ပျမ်းမျှ ကြက်ဥ အလုံး ၂၀၀ ခန့် ရရှိနိုင်သည်။
ကြက်မများ ဝပ်စိတ်ဖြစ်ပေါ်ရသည့် အကြောင်းများမှာ ဟော်မုန်းဓာတ်ပြောင်းလဲခြင်း၊ အလင်းရောင်ရရှိမှု၊ အနွေးဓာတ်ရရှိမှု၊ နှင့် ရင်ဘတ်ထိတွေ့မှုများ ကြောင့်ဖြစ်သည်။
ဝပ်စိတ်ကိုဖျောက်ရန် နည်းလမ်းမှာ ကြက်မများကို ဥကျင်းထဲမှ ထုတ်ပြီး အလင်းရောင်ကောင်းစွာရသော အေးမြသည့်နေရာ တွင် တောင်းထဲ၌ အုပ်ထားပြီး အစာနှင့် ရေ အလုံအလောက်ထားပေးရမည်။
ဤသို့ထားလျှင် ၁၄ လ အကြာတွင် ဥ များ ပြန်ဥမည် ဖြစ်သည်။
သဘာဝအတိုင်းလွှတ်ထားလျှင် သားထိန်းကာလကြာပြီး ထုတ်လုပ်မှုကျဆင်းတတ်သည်။
ကြက်ငယ်လေးများကို သီးသန့်အနွေးပေး မွေးမြူခြင်းဖြင့် ကြက်မများ တစ်နှစ်လျှင် ၃-၄ ကြိမ်သားပေါက်ရာမှ ၅-၆ ကြိမ်ထိ ပိုမို သားပေါက်နိုင်သည်။
ထို့ပြင် ကြက်ငယ်လေးများကို ကျီး၊ စွန်၊ ခွေး စသည့် သားရဲတိရိစ္ဆာန်များကြောင်း သေဆုံးခြင်းမှလည်း ကာကွယ်နိုင်သည်။
သန့်ရှင်းလတ်ဆတ်သော တိုင်းရင်းကြက်ဥများ