ကြက်ခြံဖြင့် မွေးရာတွင် ကြက်များသည် ကြက်ခြံဝန်းအတွင်း လွတ်လပ်စွာ သွားလာနိုင်ပြီး ကြက်ခြံပြင်ပသို့ သွားရောက်ခွင့် မရှိပါ။
တစ်ဝက်လွှတ်ကျောင်းမွေးမြူသည့်အတွက် ကြက်များသည် ရံဖန်ရံခါ လွတ်လပ်စွာသွားလာနိုင်သည်။
ထို့ပြင် ကြက်များကို အစာနှင့် ရေတိုက်ကျွေးရာတွင် သန့်ရှင်းဘေးကင်းသော အစာများကို ကျွေးနိုင်မည်။
ကြက်များ၏ ကျန်းမာရေးကိုလည်း အမြဲစောင့်ကြည့်စစ်ဆေးနိုင်မည်။
သားရဲတိရစ္ဆာန်များရန်မှ အကာအကွယ်များပြုလုပ်နိုင်သောကြောင့် အသေအပျောက်သက်သာမည်။
တစ်ဝက်လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူခြင်း (Source: ACIAR)