logo

ကြက်ပေါက်များထားရန် နေရာပြင်ဆင်ခြင်း

ကြက်ပေါက်များထားရန် နေရာပြင်ဆင်ခြင်း
  • ကြက်ပေါက်များကို ကိုင်တွယ်စောင့်ရှောက်ခြင်းသည့် ကြက်မွေးမြူရေးတစ်လျှောက်လုံး၏ အရေးကြီးသော အပိုင်းဖြစ် သည်။ 
  • ကြက်ပေါက်များကို မွေးမြူရာတွင် အဓိကအရေးကြီးသော အရာများမှာ အစာ၊ ရေ၊ အပူချိန်၊ လေနှင့် သန့်ရှင်းရေး တို့ ဖြစ်သည်။ 

  • ကြက်ပေါက်များထားရန်နေရာကို ကြက်ကြီးများရှိသော နေရာနှင့် သီးခြားထားရမည်။

  • “All-in, all out” စနစ်ကို ကျင့်သုံးကာ အသက်အရွယ်မတူသော ကြက်များကို ရောမထည့်ရပါ။

  • အသုံးပြုမည့် ပစ္စည်းများအားလုံးသည် သန့်ရှင်းကာ ပိုးသန့်နေရမည်။ 

  • ကြက်ပေါက်ကလေးများ မထည့်မီတွင် အပူပေးစက်များ ကောင်း/မကောင်း စစ်ဆေးထားရမည်။

  • လေဝင်လေထွက်ကောင်းမွန်ပြီး လေကောင်းလေသန့် အမြဲရနေရမည်။

  • ကြက်ကလေးများထည့်ပြီးပါက သန့်ရှင်းသောရေကို တိုက်ရမည်။ 

  • ကြက်ကလေးများရောက်ပြီး ပထမ (၃) ရက်တွင် အစာနှင့်ရေ ကောင်းကောင်းစား/မစား ကို ၂-၃ နာရီခြားတစ်ခါ စစ်ဆေး ပေးရမည်။

  • ဖြည့်စွက်စာများသည် ကြက်ကလေးများ ကောင်းမွန်စွာကြီးထွားရန်နှင့် ရောဂါကာကွယ်ရန် အထောက်အကူပေးသည့် အတွက် အစာနှင့်ရေအပြင် ဖြည့်စွက်စာများကို ကြက်ပေါက် အကောင် ၁၀၀ လျှင် ၁ ဗန်း နှုန်းဖြင့် ကျွေးသင့်သည်။

  • အလင်းရောင်သည် ကြက်ကလေးများ အစာနှင့်ရေကို ကောင်းစွာတွေ့ရှိနိုင်ရန် အကူအညီပေးသည့်အတွက် ပထမ (၃) ရက် တွင် အလင်းရောင်ကို ဆက်တိုက်ပေးသင့်သည်။ 

  • ကြက်ပေါက်အိမ်၏ အပူချိန်ကို သာမိုမီတာ (သို့) ကြက်ကလေးများ၏ အပြုအမူတို့ကို ကြည့်ကာ  အမြဲမပြတ်စစ်ဆေးပေးနေ ရမည်။ 

  • ကြက်ပေါက်များ သေဆုံးမှုရှိလျှင် အကောင်ရေမများခင် အကြောင်းအရင်းကို သိရှိပြီး ချက်ချင်းပြင်ဆင်ကာ သေဆုံးမှုလျော့အောင် ချက်ချင်းလုပ်ဆောင်ရမည်။