logo

ကြက်မျိုးကောင်းမျိုးသန့် ရွေးချယ်ခြင်း

ကြက်မျိုးကောင်းမျိုးသန့် ရွေးချယ်ခြင်း

  • ကြက်များကို မျိုးကြက်အဖြစ် ရွေးချယ်မည်ဆိုပါက မွေးကင်းစအရွယ်မှ စတင်ရွေးချယ်ရမည်။
  • တစ်မိသားပေါက်ကြက်ကလေး  တစ်သုတ်တွင် တစ်ကောင်နှင့် တစ်ကောင် ခန္ဓာကိုယ်အနေအထား၊ ပုံသဏ္ဍာန်နှင့် ကြီးထွား နှုန်း မတူကြပါ။

  • ကြက်ကလေးများကို အပေါ်မှစီးကြည့်လျှင် ကျောပြင်ကျယ်ရမည်။ 

  • ခန္ဓာကိုယ်အလျားကောင်းရမည်။ 

  • အရှေ့မှကြည့်လျှင် ရင်အုပ်ကျယ်၍ ခြေစုံရပ်သည့်အခါ ခြေနှစ်ဖက်ကားနေရမည်။

  • ခြေနှစ်ဘက်ပူးကပ်နေပါက ရင်အုပ်ကျဉ်းသည်။

  • မျက်လုံးများ ကြည်လင်ဝိုင်းစက်ကာ ဖျတ်လတ်မှုရှိရမည်။ 

  • ကြက်တစ်သုတ်တွင် ကြက်ကြီးများကို ဦးစွာရောင်း၍ ကျန်ကြက် အငယ်ဆုံးများကို ဆက်လက်မွေးမြူလျှင် ကြက်မျိုး ကောင်းများကို ဆုံးရှုံးနိုင်သောကြောင့် ထိုနည်းကို ရှောင်ကြဉ်ရမည်။ 

  • နောက်ဆုံးရောင်းချမည့်အချိန်တွင် ပုံသဏ္ဍာန်မှန်ပြီး အလေးချိန်အများဆုံး ကြက် ၂-၃ ကောင်ကို ဆက်လက်မွေးမြူရန် မျိုးအဖြစ်ချန်လှပ်ပြီးမှသာ ကျန်သောကြက်များကို ရောင်းချခြင်းဖြင့် မိမိကြက်မျိုးကောင်းများကို ထိန်းသိမ်းနိုင်မည်။