ကြက်ဥကျင်းထားရန်နေရာရွေးရာတွင် အလင်းရောင်များလွန်းသော နေရာ၊ မြင့်လွန်းသောနေရာ၊ မြေပြင်နှင့် နီးကပ်လွန်း သော နေရာများတွင် မထားပေးသင့်ပါ။
ကြက်ခြံ၏ အလင်းရောင်နည်းပြီး ဒေါင့်ကျသောနေရာတွင် ကြက်ဥကျင်းများကို မြေပြင်မှအထက် ၁ ပေခွဲ၊ ၂ ပေ အကွာတွင် ကောက်ရိုးခင်းပြီး ခိုင်မြဲအောင်ချည်ကာ ထားပေးရမည်။
ကြက်မ တစ်ကောင်လျှင် ဥကျင်း ၁ ကျင်းနှုန်းထားပေးရမည်။
ဝပ်ကြက်မများ သားပေါက်ပြီးပါက ၎င်းတို့၏ ဝပ်ကြင်းထဲရှိ ကောက်ရိုးများကို မီးရွံ့ပေးပါ။
ကြက်သန်း၊ လှေး၊ မွှားများ မတွယ်ကပ်စေရန် ဥကျင်း၊ အိပ်တန်းနှင့် အကြိုအကြားနေရာများကို ဆေးရွက်ကြီး စိမ်ထားသော ရေဖြင့် သုတ်လမ်းထားနိုင်သည်။
ကြက်မဝပ်ကျင်း ပြင်ဆင်ပေးခြင်း