logo

ကြက်အိပ်တန်း ပြင်ဆင်ပေးခြင်း

ကြက်အိပ်တန်း ပြင်ဆင်ပေးခြင်း
  • ကြက်များသည် ညဘက်နှင့် နေ့ဘက်တွင်  ကောင်းမွန်စွာအိပ်စက် အနားယူရန် အရေးကြီးသည်။
  • ကြမ်းပေါ်တွင် အိပ်ပါက မစင်များ၊ အခြားအညစ်အကြေးများနှင့် ထိတွေ့ကာ ရောဂါနှင့် ကပ်ပါးပိုးများသည် ကူးစက်နိုင် သည်။ 

  • အိပ်တန်းတွင် အိပ်ခြင်းဖြင့် ကြက်များ တစ်ကောင်နှင့် တစ်ကောင် ဆိတ်ခြင်း၊ ရန်ဖြစ်ခြင်းမှလည်း ကာကွယ်ပေးသည်။

  • တစ်မီတာရှည်သော အိပ်တန်းတစ်တန်းသည် အရွယ်ရောက်ပြီးသော ကြက် (၅) ကောင် ကောင်းမွန်စွာ အိပ်စက်နိုင်သည်။

  • အိပ်တန်းအတွက် မကြီးလွန်း၊ မသေးလွန်းသော လုံးဝိုင်းသည့် တုတ်ချောင်းများဖြင့် လုပ်ပေးသင့်သည်။ 

  • ကပ်ပါးကောင်များကို မတွယ်ကပ်နိုင်ရန် အိပ်တန်းကို အင်ဂျင်ဝိုင် (သို့) ရေနံဆီ တို့ဖြင့် သုတ်လိမ်းထားသင့်သည်။ 

  • အိပ်တန်းသည် ကြက်များ၏ ခြေဖဝါးအရွယ်အစားနှင့် ကိုက်ညီရမည်။

chicken and rooster on a perch

ကြက်များ အနားယူနိုင်ရန် အိပ်တန်းထားရှိပေးခြင်း