ကြက်ခြံဆောက်မည့် နေရာသည် ခြောက်သွေ့ပြီး မြေပြင်ညီဖြစ်ရမည်။
ကြက်ခြံအနီးတွင် သစ်ပင်ကြီးများနှင့် ခြုံပုတ်များ ရှိခြင်းဖြင့် လေကာပေးပြီး အရိပ်ရကာ ငှက်၊ စွန်ရဲ စသည့် သားရဲ တိရိစ္ဆာန်များ ရန်မှ ကာကွယ်နိုင်သည်။
သို့သော် မြွေနှင့် ကြွက်များ မခိုအောင်းစေရန် ကြက်ခြံ၏ ၃ မီတာ ပတ်လည်အတွင်းရှိ ခြုံပုတ်များ၊ မြက်များအားလုံးကို ရှင်းလင်းထားရမည်။
ညအချိန်တွင် သူခိုးခိုးခံရခြင်း၊ သားရဲတိရိစ္ဆာန်များ ဆွဲခြင်းမှ ကာကွယ်ရန် ကြက်ခြံကို လူနေအိမ်နှင့် မလှမ်းမကမ်းတွင် ဆောက်လုပ်သင့်သည်။
ကြက်ခြံဆောက်လုပ်ရာတွင် မွေးမြူမည့်စနစ်အလိုက် ဆောက်လုပ်ပေးရမည်ဖြစ်သည်။