logo

ကြက်ခြံဆောက်မည့် နေရာရွေးချယ်ခြင်း

ကြက်ခြံဆောက်မည့် နေရာရွေးချယ်ခြင်း

တိုင်းရင်းကြက်မွေးမြူခြင်းတွင် ကြက်ခြံဆောက်လုပ်ခြင်းသည် အရေးပါသောအချက်ဖြစ်သည်။ ကြက်ခြံသည် ကြက်များ၏လုံခြုံရေး နှင့် ကြက်များသက်တောင့်သက်သာနေနိုင်ရေးအတွက် ကောင်းစွာ အထောက်အပံ့ပေးနိုင်ရမည်။ ကြက်ခြံအရွယ်အစားကို မွေးမြူမည့် ကြက်အုပ်အရွယ်အစားအလိုက် ဆောက်လုပ်ပေးသင့်သည်။ ကြက်ခြံနှင့် ခြံစည်းရိုးဆောက်လုပ်ခြင်းဖြင့် - 

  • ကြက်များအား မိုးဒဏ်၊ လေဒဏ်နှင့် ပူပြင်းသော နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးခြင်း

  • ပြင်ပတိရိစ္ဆာန်နှင့် သူခိုးများရန်မှ ကာကွယ်ပေးခြင်း

  • ကြက်များအား အစာရေစာ လွယ်ကူစွာဖြည့်ဆည်းပေးနိုင်ခြင်း

  • ရောဂါစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းများ စနစ်တကျဆောင်ရွက်ကာ ရောဂါကာကွယ်ပေးနိုင်ခြင်း

  • ပြင်ပမှ ကူးစက်ရောဂါများ ဝင်ရောက်မှုမရှိစေရန် ထိန်းချုပ်နိုင်ခြင်း စသည်တို့ကို လွယ်ကူစွာ ဆောင်ရွက်နိုင်သည်။

Free vector an isolated scene with a group of chickens in cartoon style