logo

ဥနှုန်းနှင့် သားပေါက်နှုန်းနည်းခြင်း

ဥနှုန်းနှင့် သားပေါက်နှုန်းနည်းခြင်း

တိုင်ရင်းကြက်များ ဥနှုန်းနည်းခြင်းနှင့် သားပေါက်နှုန်းနည်းခြင်း၏ အဓိကအချက် (၂)ချက်မှာ -

  • ဝပ်စိတ် ဖြစ်ပေါ်ခြင်းနှင့် သားထိန်းချိန်ကာလ ကြာမြင့်ခြင်း တို့ကြောင့် ဖြစ်သည်။

  • တိုင်းရင်းကြက်များအနေဖြင့် ၁၅ ရက် ဥကာ ၂၁ ရက် ဝပ်ပြီး ၇၅ ရက်ခန့် သားထိန်းသည့် အလေ့အထများကြောင့် ဥထွက်ရှိမှု နှင့်  သားပေါက်ကောင်ရေ ပွားများမှုတွင် ရသင့်သည့် ပမာဏထက် လျော့နည်းတတ်သည်။ 

  • တိုင်းရင်းကြက် မွေးမြူသူများက ဤကာလအပိုင်းအခြားများကို စနစ်တကျ စီမံခန့်ခွဲနိုင်လျှင် ဥထွက်နှုန်းနှင့် သားပေါက်နှုန်း များ တိုးလာမည်။

  • တိုင်းရင်းကြက်ဥ၏ တန်ဖိုးသည် မွေးမြူရေးကြက်ဥများထက် သာလွန်သောကြောင့် ကြက်ဥ ပိုမိုရောင်းချနိုင်ရန် ကြက်ဥ ပိုဥပေးနိုင်သော ကြက်မများကို ပေးမဝပ်စေခြင်းဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ကြက်ဥပေါင်း ၂၀၀ ခန့်ထိ ဥနိုင်သည်။

  • ကြက်ဥအစား ကြက်သားထုတ်လုပ်လိုလျှင် ကြက်ဥများကို သားဖောက်ပြီးနောက် ကြက်များ၏ သားထိန်းကာလကို ၁ လ သာ ထားပြီး သားခွဲလျှင် နောက်တစ်ကြိမ် သားဆက်လက်ပွားနိုင်သည်။