logo

ကြက်အသေအပျောက်များခြင်း

ကြက်အသေအပျောက်များခြင်း
  • ကြက်များ အသေအပျောက်များရခြင်းမှာ ကြက်ငယ်လေးများကို သီးခြားဂရုစိုက်ခြင်းမပြုဘဲ ကြက်မကြီးကသာလျှင် သား ပေါက်များကို ထိန်းကျောင်းပေးနေရခြင်းကြောင့် ဖြစ်သည်။
  • ကြက်မိသားအုပ်များ အစာရှာထွက်သည့်အခါ သဘာဝအန္တရာယ် တစ်ခုမဟုတ်တစ်ခုနှင့် ကြုံတွေ့ရပြီး ကြက်မကြီးအနေဖြင့် ကြက်သားပေါက်များကို အပြည့်အဝကာကွယ်မပေးနိုင်သည့်အတွက် ကြက်ကလေးများ ၂ လ အရွယ်မရောက်မီ သေဆုံးမှု နှုန်းမှာ ၅၀ % ခန့်ရှိသည်။

  • ကြက်များကို ခြံလှောင်မွေးမြူခြင်းမရှိသည့်အခါ နေရာအနှံ့လျှောက်သွားသည့်အတွက် အခြားကြက်များနှင့် ထိတွေ့ခြင်း၊ မသန့်ရှင်းသော အစာနှင့် ရေများကို စားသုံးမိခြင်းကြောင့်လည်း ရောဂါဖြစ်ပွားကာ သေဆုံးရသည်။ 

  • ကာကွယ်ဆေး ထိုးနှံပေးသည့် အလေ့အကျင့်မရှိလျှင် ကူးစက်ရောဂါများ ဖြစ်ပွားချိန်တွင် ကြက်များ သေဆုံးခြင်းကြောင့် ဆုံးရှုံးမှာများ ဖြစ်ပေါ်သည်။