logo

ကြီးထွားနှုန်း နှေးခြင်း

ကြီးထွားနှုန်း နှေးခြင်း

  • ကြီးထွားနှုန်း နှေးရခြင်းမှာ မွေးမြူရာတွင် မျိုးကောင်းမျိုးသန့်ရွေးချယ်ကာ မွေးမြူခြင်းအလေ့အထ မရှိခြင်းကြောင့် ဖြစ် သည်။
  • ဥပမာ - အသားတိုးကြက်နှင့် တိုက်ကြက်များကို သားစပ်လျှင် မျိုးပျက်သွားနိုင်သည်ကို သတိမထားမိဘဲ ကြုံသလို သားစပ် တတ်ကြသည်။ တိုက်ကြက်များ၏ ဗီဇမှာ ခွပ်အားသန်ပြီး အနာခံတတ်သည်။ မြန်မာ စစ်တကောင်းကြက်များ၏ ဗီဇမှာ အနာမခံဘဲ အချင်းချင်းခွပ်သည့် အလေ့အထမရှိပါ။ ထိုကြက်နှစ်မျိုးကို သားစပ်မိပါက ခန္ဓာကိုယ်အလေးချိန်နှင့် ကြီးထွား နှုန်း ကျဆင်းမည်။ 

  • ထို့အပြင် ကြက်သားပေါက်တစ်သုတ်ကို အချိန်တန်၍ ရောင်းသည့်အခါ အကြီးဆုံးကြက်ကို ရောင်းပြီး ကြက်အငယ်များကို ဆက်လက်မွေးမြူခြင်းသည်လည်း ကြီးထွားနှုန်းကို ကျဆင်းစေသည်။

  • ထို့ကြောင့် တိုင်းရင်းကြက်မွေးရာတွင် ကြီးထွားနှုန်းမြန်ပြီး အချိန်စီးသော ကြက်မျိုးကောင်းများကို ရွေးချယ်မွေးမြူသင့် သည်။