logo

တိုင်းရင်းကြက်မွေးမြူရေး၏ အကျိုးကျေးဇူးများ

တိုင်းရင်းကြက်မွေးမြူရေး၏ အကျိုးကျေးဇူးများ

  • လတ်ဆတ်ကာ အာဟာရပြည့်ဝသော ကြက်ဥ၊ ကြက်သားများ ရရှိခြင်း
  • အဆောက်အဦး၊ အစာ၊ ဆေးနှင့်ခြံသုံးပစ္စည်း၊ လုပ်အားခစသည့် ကုန်ကျစရိတ် သက်သာစွာမွေးမြူနိုင်ခြင်း

  • ဆိုးရွားသော ရာသီဥတုဒဏ်၊ ရောဂါဒဏ်၊ အစာချို့တဲ့မှုဒဏ်ကို နိုင်ငံခြားကြက်များထက် ခံနိုင်ရည်ရှိခြင်း

  • ဒေသအတွင်း မိမိဘာသာရှာဖွေစားသောက်နိုင်ခြင်း

  • ဖောက်စက်မလိုဘဲ မိခင်ကိုယ်တိုင်ဝပ်၍ သားဖောက်နိုင်ခြင်း

  • ကြက်ငယ်များအပေါ် မိခင်၊ ဖခင်စိတ်ထားရှိနိုင်ပြီး ကြက်ငယ်များဘဝ ရှင်သန်နိုင်ရန် လေ့ကျင့်သင်ကြား ထိန်းကျောင်းပေး နိုင်ခြင်း

  • အရွယ်ရောက်လာသောအခါ မိမိဘာသာရန်သူကို ကာကွယ်၊ ရှင်သန်လှုပ်ရှားနိုင်ခြင်း

  • အသား၏အနံ့အရသာနှင့် ဖွဲ့စည်းမှုကောင်းမွန်ခြင်းကြောင့် လူကြိုက်များခြင်း

  • တိုင်းရင်းကြက်ဥနှင့် ကြက်သား ဈေးကွက်ကောင်းမွန်ခြင်း