ရှေးယခင်က တောကြက်များကို အိမ်မွေးတိရိစ္ဆာန် တိုက်ကြက်များအဖြစ် စတင်မွေးမြူခဲ့ကြပြီး နောက်ပိုင်းတွင် အလှမွေး ကြက်များအဖြစ် အမွှေးအတောင်လှသော ကြက်များကို ရွေးချယ်မွေးမြူခဲ့ကြသည်။
နောက်ပိုင်းတွင် ကြက်များကို လူများစားသုံးရန် တစ်နိုင်တစ်ပိုင်မွေးမြူကာ ကြက်သား၊ ကြက်ဥများထုတ်လုပ်လာခဲ့ကြ သည်။
ထိုမှတစ်ဆင့် ကြက်မွေးမြူရေးကို စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ဆောက်ရွက်လာကြပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် ကြက် မွေးမြူရေးလုပ်ငန်းများ ထွန်းကားလာခဲ့သည်။
နောက်ပိုင်းတွင် တိုင်းရင်းကြက်များမှတစ်ဆင့် မျိုးရိုးဗီဇပိုမိုတိုးတက်ကောင်းမွန်သော ကြက်မျိုးများကို ဗီဇမျိုးမြှင့်ခြင်းများ ပြုလုပ်ကာ ခောတ်မီမွေးမြူနည်းစနစ်များဖြင့် မွေးမြူထုတ်လုပ်ခဲ့ကြသည်။
သို့သော်လည်း ကျေးလက်ဒေသများတွင် တိုင်းရင်းကြက်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း စီးပွားဖြစ်သော်လည်း ကောင်း မွေးမြူနေကြဆဲဖြစ်သည်။
ယနေ့ခေတ်တွင် တိုင်းရင်းကြက်သားနှင့် ကြက်ဥ စားသုံးမှုများလည်း တိုးတက်လာပြီး စားသုံးသူများမှာလည်း အာဟာရပြည့် ဝကာ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို တောင်းဆိုလာကြသည်။
ထို့ကြောင့် တိုင်းရင်းကြက်မွေးမြူခြင်းကို ခောတ်မီမွေးမြူနည်းစနစ်များဖြင့် စနစ်တကျ မွေးမြူစောင့်ရှောက်နိုင်ပါက ထုတ် လုပ်မှုစွမ်းရည်မြင့်မားကာ စီးပွားရေး အခွင့်အလမ်းကောင်းများစွာ ရရှိနိုင်သည်။
လည်ပြောင်တိုင်းရင်းကြက်တစ်မျိုး (Source: learnpoultry.com)